မိန်းကလေး အတွေး၊ မိန်းကလေး ဆုံးဖြတ်ချက်

By သမန်းကျား

ညင်သာသိမ်မွေ့ ပြီး ရှက်ကြောက် တတ်တဲ့ အမျိုးသမီးတွေဟာ ရာထူးအာဏာ အားစမ်းရတဲ့ လောကတွေမှာ ဘယ်လိုနေရာက ရှိနေနိုင်မလဲ။ လှတပတ ၀တ်စား၊ ကနွဲ့ ကလျလေး လမ်းလျှောက်၊ စိတ်ဆိုး၊ စိတ်ကောက်၊ စိတ်ညစ်၊ စိတ်အလိုမကျ၊ စိတ်အပြောင်းအလွဲ မြန်ဆန် သလောက် ကိုယ်ဘာကြောင့် ဒီလိုဖြစ်နေမှန်း တိတိကျကျ မရှင်းပြတတ်တဲ့ အမျိုးသမီးတွေဟာ အရေးကြီးဆုံး ဖြတ်ချက်တွေကို ချမှတ်ရတဲ့ ထိပ်တန်း ရာထူးတွေကို တစ်ကယ်ပဲ ပိုင်ဆိုင် သင့်ပါသလား။

မကြာသေးခင်ကပဲ နယူးယောက်မြို့ ကိုယ်စားလှယ်ဖြစ်တဲ့ ပါလီမန်အမတ် ကရစ်စတင်းက ကွန်ဂရက် ထဲက ရှေ့ မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေကို ကုစားဖို့ ဆိုရင် အမျိုးသမီးတွေပိုပြီး လိုအပ်လိမ့် မယ်လို့  ပြောခဲ့ပါတယ်။ အမျိုးသမီးတွေက အများအတွက်အကျိုးရှိမယ့် အကြောင်းရင်းတွေကို ရှာဖွေရ တဲ့အခါ၊ တစ်ဖက် နဲ့ တစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အခါမျိုးမှာ အာရုံစုစုစည်းစည်းရှိတယ်လို့  ကရစ်စတင်းက ကာကွယ် ပြောဆိုခဲ့ပါတယ်။

တစ်ခါ အာရုံကြောသိပ္ပံပညာရှင်တွေကလည်း ဖိအားရှိတဲ့အချိန်မျိုးတွေမှာ အမျိုးသမီးတွေက သူမတူအောင် ထူးခြားတဲ့ စွမ်းအင်တွေကို ထုတ်ဖော်ပြသနိုင်ကြပြီး အမျိုးသားတွေ မဆုံးဖြတ်နိုင်တဲ့ ကိစ္စရပ်မျိုးတွေ ကိုလည်း အလွယ်တကူ ဆုံးဖြတ်နိုင်ကြတယ်လို့  အထောက်အထားခိုင်လုံစွာနဲ့  ဖော်ပြလာပြန်ပါတယ်။

ထိခိုက်ဆုံးရှုံးမှုမျိုးမရှိဘဲ စေ့စပ်ညှိနှိုင်းလို့ ရတဲ့ သာမန်အခြေအနေမျိုးတွေမှာ အမျိုးသားနဲ့ အမျိုးသမီးတို့ ရဲ့  ဆုံးဖြတ်ချက်ချပုံတွေဟာ သိပ်ကွာခြားလေ့ မရှိပါဘူး။ နှစ်ဖက်လုံးက သတင်းအချက်တွေကို စုဆောင်းမယ်၊ အရှုံး အမြတ် တွက်ကြမယ်၊ ပြီးရင် ဘယ်လိုဆက်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချကြတာပါပဲ။ ဒါပေမယ့် ဖိအားရှိနေတဲ့ အခြေအနေမျိုးမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတို့ ရဲ့  တွေးခေါ်ဆင်ခြင်၊ ဆုံးဖြတ်၊ လုပ်ဆောင် ပုံတွေဟာ သိသိ သာသာ ကွာခြားလာတာကို တွေ့ ရပါတယ်။

သုတေသီတွေက အမျိုးသားနဲ့ အမျိုးသမီးတွေကို စုစည်းပြီး ကွန်ပျူတာနဲ့ လောင်းကစားရတဲ့ ဂိမ်းတစ်မျိုးကို ကစား ကြည့်ခိုင်းပါတယ်။ ဒစ်ဂျစ်တယ်ဘောလုံးတွေကို လေထိုးပေးပြီး အမှတ်ရတဲ့ ကစားနည်း ပါ။ ဘောလုံးကို လေအများ ဆုံး ထိုးနိုင်လေ၊ အမှတ်ပိုရလေပါပဲ။ ဒါပေမယ့် ဘောလုံးပေါက် သွားနိုင်ချေ လည်း ပိုများပါတယ်။

အစပိုင်းမှာတော့ အမျိုးသားတွေရော၊ အမျိုးသမီးတွေကပါ ဘောလုံးတွေကို မပေါက်ရုံတမယ် ဂရုတစိုက် လေထိုးကြပြီး အမှတ်တွေရ အောင် ယူခဲ့ကြပါတယ်။ ဒီတော့ စမ်းသပ်မှု ဒုတိယအဆင့်အနေနဲ့  သုတေသီတွေက သူတို့ ကို အလွန်အေးခဲနေတဲ့ ရေထဲ လက်အကြာကြီး စိမ်ခိုင်းလိုက်ပါတယ်။ စိတ် အနှောက်အယှက်ဖြစ်အောင် ဖိအားတစ်မျိုး သွင်းပေးလိုက်တာ ပေါ့။ လက်တွေအေးခဲပြီး ကွန်ပျူတာ ခလုပ်ကို စိတ်ကြိုက် ကိုင်တွယ်လို့ မရတဲ့အခါ အမျိုးသမီးတွေက ဘောလုံးမပေါက် နိုင်တဲ့ လေပမာဏကိုပဲ ထိုးပြီး ရတဲ့အမှတ်နဲ့  ကျေနပ်လိုက်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေကတော့ အစော ပိုင်းက လိုပဲ ဘောလုံးပေါက် ခါနီးအထိ လေဆက်ထိုးကြတဲ့ အတွက် အမှတ်ပိုရခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက် နဲ့  တော့ အမျိုးသမီးတွေရဲ့  ဆုံးဖြတ်ချက် ချနိုင်စွမ်းဟာ အမျိုးသားတွေထက် ပိုညံ့ဖျင်းတယ်လို့  ယူဆလို့  မရသေးပါဘူး။ ဒီတော့ သုတေသီတွေကလည်း နောက်တစ်မျိုး စမ်းသပ်ကြည့်ကြပါတယ်။

ဒီတစ်ခါတော့ ဖဲချပ်တွေဆွဲရတာပါ။ ဖဲပုံကို နှစ်ပုံခွဲထားပါတယ်။ ပထမတစ်ပုံကတော့ အလျော်အစားနဲ့ ပါတယ်။ ဒုတိယတစ်ပုံကတော့ အလျော်အစား ကြီးပါတယ်။ အမျိုးသမီးတွေဟာ အလျော်အစား ကြီးတဲ့အပုံ ကနေ ဖဲချပ်ဆွဲဖို့  မကြိုးစားပဲ အလျော်အစားနဲတဲ့ အပုံထဲကနေပဲ ဖဲချပ်တွေဆွဲလို့  ရတဲ့ဆုနဲ့  ကျေနပ်ကြ ပါတယ်။ အမျိုးသားတွေ ကတော့ အလျော်အစားကြီးတဲ့ အပုံကနေပဲ ဖဲချပ်တွေထပ်ခါထပ်ခါ ဆွဲခဲ့ကြပါ တယ်။ အမျိုးသမီးတွေက ပုံမှန်ဖဲချပ် ဆွဲပြီး ပုံမှန်ဆုတွေရနေတဲ့ အချိန်မှာ အလျော်အစားကြီးတဲ့ ဖဲချပ်တွေ ဆွဲနေကြတဲ့ အမျိုးသားတွေဟာ ဟောခနဲရ လိုက်၊ ဟောခနဲကုန်လိုက် ဖြစ်နေတာကို တွေ့ ရပါတယ်။

အမျိုးသားတွေဟာ အလျော်အစားကြီးမားတဲ့ အခြေအနေတွေမှာ ပိုပြီးစွန့် စားတတ်ကြပါတယ်။ ကြီးကြီး မားမား တစ်ခုခုကို အနိုင်ရဖို့ ဆိုရင် ဖြစ်နိုင်ချေဘယ်လောက်နဲနဲ၊ အရင်းအနှီးဘယ်လောက်များများ စွန့် စားပြီး လုပ်ချင် ကြပါတယ်။ ငွေမျော၊ ငွေနဲ့ လိုက်တဲ့သဘောပါ။ ဒါပေမယ့် အမျိုးသမီးတွေကတော့ တည်ငြိမ်ဘေးကင်းတဲ့ အခြေ အနေတစ်ခုကို ပျက်စီးမသွားစေချင်ကြပါဘူး။ နဲနဲစွန့် စားလိုက်ရင် ဒီထက်ပိုကောင်းတဲ့ဘ၀မှာ နေခွင့်ရနိုင်တယ် ဆိုတာ သိသိကြီးနဲ့ လည်း လက်ရှိဘ၀ကို မစွန့် ခွာနိုင်ကြ ဘဲ နေထိုင်ပျော်မွေ့ ရင်း ဒီလိုဘ၀မျိုးကိုထိန်းထားနိုင်ဖို့  ဒီထက် အဆင့်မြင့်တဲ့ ဘ၀ကို စွန့် လွတ် ထားတာ ဆိုတာကိုပဲ တွတ်တီးတွတ်တာ ပြောပြချင်ကြပြီး အဲဒါကို အများက အသိအမှတ်ပြုပေးစေချင်ကြပါတယ်။ ခံစားမှုကို ဦးစားပေးတဲ့ သဘောပါပဲ။

ဘာကြောင့်များ ဒီလိုကွာခြားတာပါလိမ့်။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ကော်တီဆောဟိုမုန်းထွက်တဲ့ ပမာဏခြင်း မတူလို့  ပါ။ စိတ်ဖိစီးမှုဖြစ်ရင် ယောက်ျားလေးတွေမှာ ကော်တီဆော ဟိုမုန်း ပိုထွက်လေ့ရှိပြီး မိန်းကလေးတွေ မှာတော့ သိသိ သာသာ ပိုနည်းတာကို တွေ့ ရပါတယ်။

အမျိုးသားတွေက ကော်တီဆောဟိုမုန်းပိုထွက်ရင် မှားမှား၊မှန်မှန် စွန့် စား လုပ်ကိုင်ကြည့်လိုစိတ်တွေ ပိုများလာတတ်ပြီး အမျိုးသမီးတွေမှာတော့ ကော်တီဆောဟိုမုန်း နဲနဲပဲထွက်ပြီး အဲဒီ ဟိုမုန်းကြောင့်ကို ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ လောဘ၊ဒေါသ၊ဆန္ဒတွေ လျော့နဲပြီး ပိုပြီးမှန်ကန်တဲ့ ဆုံးဖြတ်ချက် မျိုးတွေကို တည်ငြိမ်အေးဆေးစွာ ချမှတ်နိုင်ကြတာကို တွေ့ ရပါတယ်။

အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုမျိုးစုံနဲ့  ကြုံတွေ့ ရမယ့် အခြေအနေတစ်ခုနဲ့  နီးကပ်လာလေ ပိုပြီး တည်ငြိမ် အေးဆေးပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အမှားအယွင်းနဲလေ ဖြစ်ပါတယ်။ သူတို့  ဟာ အောင်မြင်ဖို့ သေချာတဲ့ ဆုံးဖြတ် ချက်တွေကို ချမှတ်လေ့ရှိပါတယ်။ အလုပ်တစ်ခုကို စွန့် ခွာတဲ့ ဥပမာကိုပဲ ကြည့်ရအောင်။ ဒီအလုပ်ကို ထွက်ပြီး နောက် အလုပ်ကိုလုပ်ရင် လစာပိုရမယ် မှန်းသိလျက်နဲ့  အမျိုးသမီးတွေဟာ သေချာပေါက် ရထားပြီး အလုပ်ကိုပဲ ဆက်လက် လုပ်ကိုင်ချင်ကြပါတယ်။ အမျိုးသားတွေ ကတော့ ဟိုပင်ဒီပင် ကူးရင်းနဲ့  မျောက်သစ်ကိုင်း လွတ်တွေ မကြာခဏ ဖြစ်ကြပါတယ်။
ဒါဟာ အမျိုးသမီးတွေက မျှော်လင့်ချက် နဲပါးလို့ ဖြစ်ပါတယ်။

အသစ်တစ်ခုကို မျှော်လင့်တာထက် အဟောင်းတစ်ခု ကိုပဲ မပျက်စီးအောင် ထိန်းသိမ်း ချင်ကြလေတော့ အခြေအနေ အသစ်တစ်ခုအတွက် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုဟာ သူတို့ ကို ဒုက္ခမပေးနိုင်ပါဘူး။ အမျိုးသားတွေ ကတော့ မျှော်လင့်ချက်ပြင်းထန်ပြီး ငါလုပ်ရင် ရတယ်ဆိုတာကို လုပ်ပြ လိုက်ဦးမယ်ဆိုတဲ့ အတ္တ၊မာန၊ဒေါသ ပိုင်ရှင်တွေဖြစ်တဲ့အတွက် ဆွပေးရင် ကြွကြပါတယ်။ မြှောက်ပေးရင် လျှောက် ကြပါ တယ်။ မှား၊ မှန်၊ ရှုံး၊မြတ် သိပ်စဉ်းစားကြလေ့ မရှိပါဘူး။

အမျိုးသမီးတွေရဲ့  ဆင်ခြင်ပုံဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ့ လက်ထဲမှာ စက်ဆုပ်ဖွယ်ကောင်းတဲ့ ပက်ကျိ လို အကျိအချွဲတွေကို ကိုင်ခိုင်းထားအုံးတော့၊ သူ့ ရှေ့ မှာ နောက်တစ်ယောက်က နွေးထွေးနူးညံ့တဲ့ ဂွမ်းလုံးကို ကိုင်ပြထားမယ်ဆိုရင် ပက်ကျိကိုကိုင်ထားရတဲ့ ခံစားမှုကိုလည်း အဲဒီဂွမ်းလုံးအထိအတွေ့ နဲ့  အစားထိုးနိုင်ကြတဲ့ အတွက် ဆိုးဆိုးရွားရွား မခံစားကြရပါဘူး။ ဒါပေမယ့် သူတို့ ကို ဂွမ်းလုံးကိုင်ခိုင်း ထားပြီး နောက်တစ်ယောက်က ပက်ကျိအရှင်၊ လှုပ်စိလှုပ်စိလေးတွေကို ကိုင်ပြထားမယ်ဆိုရင် ဂွမ်းလုံးကို လွှင့်ပစ်ပြီး အဲဒီပက်ကျိကိုင်ထားရတဲ့ သူအတိုင်းပဲ လိုက်ပြီး အူယားတတ်ကြပါတယ်။

ဒါကြောင့်လည်း အမျိုးသမီးတွေဟာ အခြားသူတွေရဲ့  သဘောထားထင်မြင်ချက်တွေကို အလေးအနက် ထားတတ် ကြပြီး တပင်တပန်းချက်ထားတဲ့ဟင်းတွေကို ထိုင်စားနေတဲ့ခင်ပွန်းသည်ကို ကောင်းလားလို့  မမေးရမချင်း၊ အဲဒီ ခင်ပွန်းသည်ဆီက ကောင်းတယ်ဆိုတဲ့စကားကို မကြားရမခြင်း မကျေနပ်နိုင်ကြတာပါ။

ဒီလိုပဲ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အခြေအနေမှာလည်း တစ်ဖက်လူရဲ့ ခံစားချက်ကို ကြည့်ပါတယ်။ အဲဒီလူ မျက်ကလူး ဆန်ပြာဖြစ်နေရင် လိုက်ပြီးမျက်ကလူးဆန်ပြာတော့ ဖြစ်ပါတယ်။ ဒါပေမယ့် ခဏပါ။ ကော်တီဆော ဟိုမုန်းက နဲနဲပဲ ထွက်တာကိုး။ ပြီးရင်တော့ သူတို့ က မူလအခြေအနေမပျက်အောင် တည်တည်ငြိမ်ငြိမ်နေသွားတတ်ကြပါတယ်။

ဒါတွေကြောင့်လည်း အမျိုးသမီးတွေဟာ ဖိအားများတဲ့ အခြေအနေမျိုးတွေမှာ ဆုံးဖြတ်ချက်တွေကို မှန်မှန် ကန်ကန် ချနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတစ်ခုကို ဖြစ်စေဖို့  ဆုံးဖြတ်ချက်ချရတဲ့ အချိန်တွေမှာတော့ တွန့် ဆုတ်နှောင့်နှေးနေတတ် ပါတယ်လို့  လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။


 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...