နာဆာပိုင် IRIS အာကာသယာဉ်က နေမျက်နှာပြင်ဆိုင်ရာ သတင်း အချက်အလက် သစ်များ ပေးပို့ 

By သမန်းကျား

နာဆာပိုင် IRIS အာကာသ ယာဉ်က နေမျက်နှာပြင် အကြောင်း သတင်းအချက်အလက် အသစ် (၅) ခုထက်မနဲကို ပေးပို့ ခဲ့ရာ နေပတ်ဝန်းကျင် သည် နေမျက်နှာပြင်ထက် များစွာပို၍ ပူပြင်းရပုံ၊ နေ မှ ဆိုလာမုန်တိုင်းများ အစဉ်သဖြင့် လွှင့်ထွက်နေ ရပုံ၊ ဆိုလာမီးတောက် မီးလျံများကို တွန်း အားပေးသော အရာဝတ္ထုများတွင် ပါဝင်သော ဓါတ်သတ္တိများ လည်း ပါဝင်ကြောင်း သိရသည်။

ကမ္ဘာနှင့်အာကာကသုံး နည်းပညာများကို များစွာထိခိုက်စေနိုင်သော ဆိုလာလှုပ်ရှား မှုကို ခြေရာခံစောင့် ကြည့် ရန် နှင့် နေမှစွမ်းအင်များသည် အနီးဆုံးကြယ်ထံသို့  မည်သို့ မည်ပုံရောက်ရှိသွားသည်တို့ ကို ဤ သတင်း အချက် အလက် အသစ်များကို အသုံးပြုကာ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ အပြင် နေမျက်နှာပြင်တွင် အခြားအပိုင်းများနှင့်မတူ၊ တမူထူးခြားသော နေရာတစ်နေရာ ရှိနေပြီး ယခုအခါ IRIS နှင့် အခြားအာကာသယာဉ်၊ ဂြိုလ်တုများကိုအသုံးပြုကာ ဆက်လက်လေ့လာ သွားမည်ဖြစ်ပြီး နေ၏ နေအဖွဲ့ အစည်း အပေါ် အကျိုးသက်ရောက်ပုံကို မူလကထက်ပို၍ အသေးစိပ်လေ့လာ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပထမတွေ့ ရှိချက်မှာ နေမျက်နှာပြင်ပေါ်ရှိ အပူချိန် (၂)သိန်းဒီဂရီဖာရင်ဟိုက်ရှိသော အိတ်သဏ္ဍန် အပူဇုံများဖြစ် သည်။ ယင်းအပူဇုံများမှာ နေပတ်ဝန်းကျင်အောက်ပိုင်းတွင် ရှိနေပြီး အချိန်တိုအတွင်း ဗုံးကဲ့သို့ ပေါက်ကွဲနိုင်သော အပူဗုံးများကဲ့သို့  ဖြစ်သည်။

ဤအိတ်သဏ္ဍန်အပူဇုံများကို ဆက်လက်လေ့လာကာ နေပတ်ဝန်းကျင်တွင် အပူဖြစ် စဉ် ဖြစ်ပျက်ပြောင်းလဲ ပုံကို လေ့လာသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယတွေ့ ရှိချက်မှာ နေမျက်နှာပြင်ပေါ်ရှိ မြောက်များ လှစွာသော ဆိုလာစက်ကွင်းများ ဖြစ်သည်။ ယင်းဆိုလာ စက်ကွင်းများက နေကိုစွမ်းအင်ဖြည့်ပေးသည်ဟု သိပ္ပံပညာရှင်များက ယူဆထားသည်။

တတိယတွေ့ ရှိချက်မှာ နေမျက်နှာပြင်ပေါ်တွင် လေဆင်နှာမောင်းနှင့်တူသော အရာ များဖြစ်သည်။ ယင်းလေဆင် နှာမောင်းသဏ္ဍန်အရာများသည် တစ်စက္ကန့် လျင် ၁၂ မိုင်နှုန်းရွေ့ လျားနေပြီး နေမျက်နှာပြင် တွင်ကပ်လျက် ပြန့် ကျဲ နေသည်။

ယင်းလေဆင်နှာမောင်း သဏ္ဍန် အရာများက နေမျက်နှာပြင်အပူချိန်ကို ဒီဂရီပေါင်းသန်းပေါင်းများစွာ ပူလောင်နေအောင် စွမ်းအင်ဖြည့်ပေးသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။

စတုတ္ထတွေ့ ရှိချက်မှာ ဆိုလာမုန်တိုင်းကိုဖြစ်စေသော မြန်နှုန်းမြှင့် ပလာစမာဂျက်များဖြစ်သည်။ ပလာစမာ ဂျက်များ သည် နေမျက်နှာပြင်ပေါ်ရှိ အပေါက်များမှ ပန်းထွက်လာခြင်းဖြစ်သည့်အတွက် ဆိုလာမုန်တိုင်းကို အဓိကဖြစ်စေ သော ပလာစမာဂျက်များဖြစ်သည်ဟု ပညာရှင်များက ယူဆထားသည်။

ပဉ္စမမြောက်တွေ့ ရှိချက်မှာ နေမျက်နှာပြင်မှ နာနိုမီးတောက်များဖြစ်သည်။ နေပေါ်ရှိ သံလိုက်စက်ကွင်း လှိုင်းများ တစ်ခုနှင့်တစ်ခု ဆုံတွေ့ ဖြတ်သန်းရာမှ ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် ကြီးမားသော မီးတောက် မီးလျံများ ခုန် ထွက်လေ့ရှိရာ အာကာသထဲသို့  နေအမှုန်များကို အလင်း၏အမြန်နှုန်းဖြင့် လွတ်ထုတ်ပေး သည်။ နာနိုမီးတောက် များသည် နေမျက်နှာပြင်ဒုတိယအဆင့်ကို တိုက်ရိုက်တိုက်မိရာမှ စွမ်းအင် အမှုန်များ ဖြစ်ပေါ်လွှင့်စင်ထွက်သွား သည်ကို ယခုပထမဆုံးအကြိမ် တွေ့ မြင်သိရှိလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...