Google Nik Collections...
ဓါတ်ပုံပြင်တဲ့နေရာမှာ pro ကျပြီး အချိန်ကုန်လည်း သက်သာ အသုံးပြုရတာလည်းလွယ်ကူ လူကြိုက်လည်းများတဲ့ Nik Collections ကို google ကနေ အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ်... ဒီ collections မှာ Analog Efex Pro, Color Efex Pro, Silver Efex Pro, Viveza, HDR Efex Pro, Sharpener Pro နဲ့ Dfine ဆိုပြီး desktop plug-ins (၇)ခု ပါဝင်ပါတယ်... plug-ins တစ်ခုချင်းစီမှာ သူ့အစွမ်းနဲ့သူ ရှိပါတယ်... အသုံးပြုဖူးတဲ့ users တိုင်း သိပါတယ်...
Nik collections ကို အစပိုင်းမှာ အမေရိကန်ဒေါ်လာ $500 ပေးပြီး Users တွေက အသုံးပြုခဲ့ရပါတယ်... ၂၀၁၂ စက်တင်ဘာလမှာ Nik Software, Inc. ထံမှ google က ဝယ်ယူခဲ့ပြီး ဒေါ်လာ $150 နဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်... အဲဒီနောက် ၂၀၁၆ မတ်လကနေစပြီး users တွေကို အခမဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်... တစ်ချိန်တည်းမှာပဲ ၂၀၁၆ ခုနှစ်အတွင်း ဝယ်ယူအသုံးပြုခဲ့တဲ့ users တွေကိုလည်း google ကနေ refund ပြန်လုပ်ပေးမယ်လို့လည်း ကြေငြာခဲ့ပါတယ်...
Google အနေနဲ့ Nik collections ကို updates လုပ်ဖို့နဲ့ features အသစ်တွေ ထပ်ထည့်ဖို့တော့ အစီအစဉ် မရှိသေးပါဘူး...
Nik collections ကို Adobe Photoshop ဆိုရင် version CS4 ကနေ CC 2015 ထိ၊ Adobe Photoshop Elements မှာဆိုရင် version 9 ကနေ 13 အထိ (ဒါပေမယ့် HDR Efex Pro 2 တခုကတော့ compatible မဖြစ်ဘူးလို ဆိုပါတယ်)၊ Adobe Photoshop Lightroom တွေမှာဆိုရင် version 3 ကနေ 6/CC အထိ အသုံးပြုနေတဲ့ Users တွေ install လုပ်နိုင်ပါတယ်...
Mac OS အတွက်ယူရန်... https://dl.google.com/…/photos/nikcollection-full-1.2.11.dmg
Windows OS အတွက်ယူရန်... https://dl.google.com/…/photos/nikcollection-full-1.2.11.exe
(CB ကနေမေးလာတဲ့ မိတ်ဆွေနဲ့ မသိသေးတဲ့ မိတ်ဆွေတွေအတွက် ရည်ရွယ်ပါတယ်...)
Good luck...
ref;google/wikipedia
--------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com)
- (အရှေ့သို့) အတူတူပဲ... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) Wrong key..... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)