Thinking Out of the Box (Creative Thinking)

တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ သမီးဖြစ်သူနဲ့ အတူ နေထိုင်တဲ့ လယ်သမားကြီး တစ်ဦးရှိတယ်... သူ့မှာ ငွေတိုးပေးစားတဲ့ သူဌေးထံက အတိုးနဲ့ ယူထား တဲ့ အကြွေးတွေက တဖြည်းဖြည်းများလာလို့ ပြန် မဆပ်နိုင်ပဲ အကြပ်တွေ့နေတယ်... သူဌေး ကလည်း အတော်လေးအိုမင်းနေပြီး... ဖြစ်ချင်တော့ သူက လယ်သမားကြီးရဲ့သမီးကို မျက်စိကျနေတယ်.. 

တစ်နေ့မှာတော့ သူဌေးဖြစ်သူက သူ့ကိုပေးစရာရှိတဲ့ အကြွေအားလုံးကို လုံးဝလျှော်ပစ်ဖို့ လယ်သမားကြီးနဲ့ အပေးအယူတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်... 

သူတို့စီစဉ်ထားတဲ့အတိုင်း သူဌေးနဲ့ လယ်သမားကြီးရဲ့ သမီးအကြား ဂိမ်း(Game)တစ်ခု ကစားဖို့ ပြင်တယ်... စပြီးတော့ သူဌေးက... 

"အိတ်တစ်လုံးထဲကို ကျောက်စရစ်ခဲ အဖြူတစ်လုံး အမည်းတစ်လုံး ထည့်ထားမယ်... အဲဒီနောက် သမီးက အိတ်ထဲက ကျောက်စရစ်ခဲတစ်လုံးကို မကြည့်ပဲ နိုက်ရမယ်... အမည်းရောင် ရခဲ့မယ်ဆိုရင် အကြွေး အားလုံးကို လျှော်ပေးမယ်... သမီးကိုလည်း သိမ်းမယ်... တကယ်လို့ အဖြူရောင် ရခဲ့မယ်ဆိုရင်တော့ အကြွေးအားလုံးကို လျှော်ပေးမယ်... သမီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ်..." ဆိုပြီး ရှင်းပြတယ်...

သူဌေးက လယ်သမားကြီးခြံထဲမှာ ပြန့်ကျဲနေတဲ့ ကျောက်စရစ်ခဲတွေပေါ်ရပ်ပြီး ကျောက်စရစ်ခဲ နှစ်လုံးကို ကောက်ယူပြီး အိတ်ထဲ ထည့်လိုက်တယ်... ဒီလိုကောက်ယူနေစဉ် အားလုံးဟာ အမည်းရောင်တွေချည်းပဲ ဆိုတာ လယ်သမားကြီးသမီးက သတိပြုမိလိုက်တယ်... ဒီနောက် လယ်သမားကြီသမီးကို အိတ်ထဲက ကျောက်စရစ်ခဲတစ်လုံးကို နှိုက်ဖို့ပြောလိုက်တယ်... . 

ဒီလိုအခြေအနေမှာ သူမ လုပ်နိုင်တာနဲ့ပတ်သက်ပြီး သဘာဝအားဖြင့် စဉ်းစားရွေးချယ်စရာ ၃ ခုပဲရှိတယ်... နံပါတ် (၁) လုံးဝ မနှိုက်ပဲ ငြင်းဆန်မလား?... နံပါတ်(၂) ကျောက်စရစ်ခဲ ၂ လုံးလုံးကို နှိုက်ယူပြီး သူဌေးရဲ့ မတရားလိမ်လည်မှုကို ဖော်ထုတ်မလား?... နံပါတ်(၃) အားလုံး အမည်းရောင်တွေပဲဆိုတာ သိလျက်နဲ့ ဖခင်ရဲ့အကြွေးတွေအတွက် သူမကိုယ်သူမ စွန့်လွှတ်အနစ်နာခံပြီးတော့ပဲ နှိုက်မလား?...

ဒါပေမယ့်... သမီးဖြစ်သူဟာ အိတ်ထဲကနေ ကျောက်စရစ်ခဲတစ်လုံးကို နှိုက်ယူပြီး မကြည့်ခင်မှာ မတော်တဆ လွတ်ကျတဲ့ပုံစံမျိုး အောက်ကကျောက်စရစ်ခဲတွေအကြား လွတ်ချလိုက်တယ်... ပြီးတော့ သူဌေးကို ပြောလိုက်တယ်... 

"အိုး! ဆောရီး!! ကျမဟာ အတော်လေး ဖရိုဖရဲနိုင်တာပဲ... ဒါပေမယ့် ကိစ္စမရှိပါဘူး... အိတ်ထဲမှာကျန်တဲ့ အလုံးကိုပဲ ကြည့်ပေးပါ... ဒါဆိုရင် ကျမ လွတ်ကျသွားတဲ့အလုံးဟာ ဘာအရောင်လဲဆိုတာ ပြောလို့ ရနိုင်ပြီပေါ့ရှင်...."

သူဌေးက မရိုးမသားနဲ့ အားလုံး အမည်းရောင်တွေပဲ ထည့်ခဲ့တဲ့အတွက် အိတ်ထဲမှာ ကျန်တဲ့အရောင် ကလည်း အမည်းရောင်ပါပဲ... သူ့ရဲ့အလိမ်ဇတ်တွေ ပေါ်လာမှာစိုးတဲ့အတွက် လွတ်ကျသွားတဲ့ ကျောက်စရစ်ခဲဟာ အဖြူရောင်ဖြစ်တယ်ဆိုတဲ့ အနေအထားနဲ့ပဲ အဆုံးအဖြတ် ပေးလိုက်ရတယ်... အဲဒီနောက် သူဌေးအနေနဲ့ အကြွေးတွေအားလုံးကို လျှော်ပေးလိုက်ရပြီး သမီးဖြစ်သူလည်း လွှတ်ငြိမ်းချမ်းသာခွင့် ရသွားတော့တယ်......။

(ဒီလိုဘေးကျပ်နံကျပ် အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါတိုင်း သမရိုးကျစဉ်းစားတွေးခေါ်မှု တစ်ခုထဲမှာတင် အညံ့ခံအရှုံးမပေးပဲ ပုံမှန်မဟုတ်တဲ့ ဖောက်ထွက်စဉ်းစားမှုတွေကနေတဆင့် အောင်မြင်ကျော်လွှားနိုင်ဖို့ အမြဲတမ်း ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အကြောင်း သင်ခန်းစာလေးပါ... )



ref;wealthygorilla/etc.usf.edu
 -------------------------------------- 
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...