ဂျပန်နိုင်ငံက ထူးဆန်းဆိုင်ကယ် စမ်းသပ်တီထွင်.....
ဂျပန်နိုင်ငံမှာ လူရဲ့ မစင်အညစ်အကြေးနဲ့ မောင်းတဲ့ (Toilet Bike Neo)လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ် ကို တီထွင်ခဲ့ပါတယ်.....ဂျပန်နိုင်ငံရဲ့ အကြီးဆုံးအိမ်သာပစ္စည်းတွေ ထုတ်လုပ်တဲ့ TOTO ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့တာပါ....
ရည်ရွယ်ချက်ကတော့ အိမ်သာတွေကနေ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ၂၀၁၇ ခုနှစ်ရောက်ရင် ၅၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာလို ဆိုပါတယ်....
ဆိုင်ကယ်ပေါ်မှာ အညစ်အကြေးစွန့်နိုင်တဲ့ အိမ်သာခွက် တပ်ဆင်ထားပါတယ်.... ရလာတဲ့ မစင်အညစ်အကြေးတွေကနေ Biogas အသွင်ပြောင်းပြီး ဆိုင်ကယ်ရဲ့ လောင်စာဖြစ်လာတာပါ...
မိမိတို့ရဲ့ကိစ္စ၀ိစ္စတွေလုပ်နေစဉ်မှာလည်း သီချင်းသံဇဉ်တီးလုံးဖွင့်ပေးတာတို့၊ ဗေဒင်လက္ခဏာ တွက်ချက်ပေးတာတို့....မိုးလေ၀သခန့်မှန်းချက်ပေးတာတို့...စသဖြင့် ဖွယ်ဖွယ်ရာရာလေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်....
သဘောကျတဲ့သူတွေကတော့... ဒီဆိုင်ကယ်ဟာ လူတွေရဲ့ခရီးသွားလာတဲ့နည်းလမ်းကို ပြောင်းလဲစေခဲ့တာအမှန်ပါတဲ့....ဥပမာ..ခရီးမထွက်ခင် အိမ်သာတက်ရတဲ့အလုပ်တွေ..... ခရီးသွားနေစဉ် မကြာခနရပ်ပြီး အိမ်သာတက်ရတဲ့အလုပ်တွေ လျော့နည်းစေမှာဖြစ်ပြီး.....ငွေပေးပြီးဆီဖြည့်ဖို့လည်း မလိုတော့ဘူးလို့ ဆိုပါတယ်....
ငွေကုန်လည်းသက်သာ...အချိန်ကုန်လည်းသက်သာပေါ့.....(အင်း... အစာတော့များများစာဖို့လိုမယ်နဲ့ တူတယ်နော့...)
ကဲ....ဒါဆိုရင် အလုပ်အစီအစဉ်ဇယားများပြီး ကတ်စေးနဲတဲ့သူတွေအတွက် မသင့်တော်ပေဘူးလား....း-)....အခုလောလောဆယ်တော့ ဒီဆိုင်ကယ်က ဈေးကွက်ထဲကို မရောက်သေးပါဘူး......စမ်းသပ်နေဆဲပါ....။
ကိုးကား....Spoon & Tamago
- (အရှေ့သို့) ကံဆိုးလေခြင်း... Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) ဂျပန်နိုင်ငံရှိ စွန့်ပစ်ပစ္စည်းများ..... Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း