Flibanserin အမျိုးသမီးတွေ အတွက်ဆေး


Thu, Oct 20, 2011 at 7:08 AM
I would like to ask about the pills called Flibanserin 100mg from Boehringer Ingelheim Company. One of my friends gave me 4 of that pills, I took 1 before I make love with my boyfriend and it really helped me to get an orgasm. I already used all of them and I wanna buy those again but I lost contact with my friend, so I don't know where I can buy those pills. Besides I've already asked a couple of drug stores in Myanmar and Bangkok. Could you please give me some suggestions for that?

Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
Flibanserin ဆေးကို ကြော်ညာတဲ့နေရာမှာ ၁၆-၁၁-၂ဝဝ၉ နေ့စွဲနဲ့ ရေးတာကို ဖတ်ရင် “စမ်းသပ်မှု ပြုနေတဲ့ Flibanserin ဆေးဟာ Sexual interest လိင်စိတ် ပိုစေတယ်၊ Sexual satisfaction လိင်ဆန္ဒ ပိုမိုကျေနပ်စေတယ်” လို့ ဖတ်ရပါမယ်။

Hypoactive sexual desire disorder လိင်စိတ်နည်းနေသူတွေမယ် အကျိုးပြလာတာတဲ့။ Phase III trials စမ်းသပ်မှု တတိယဆင့်ရဲ့ ရလဒ်ကို ထောက်ပြတာ ဖြစ်ပါတယ်။ Flibanserin 100 mg ဆေးကို အိပ်ရာဝင်ချိန်မှာ ပေးပြီး စမ်းတာပါ။ ကနေဒါ University of Ottawa in Ottawa, Ontario က Elaine Jolly, MD, OC ကနေ ရေးခဲ့တာ ဖြစ်ပါတယ်။

သုတေသနအရ Distress associated with the lack of sexual desire စိတ်ဖိအားများလို့ လိင်စိတ်နည်းနေသူတွေအတွက် ကောင်းစေတယ်လို့လဲ ပြင်သစ်နိုင်ငံ Lyon မှာ European Society for Sexual Medicine ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောခဲ့ပါသေးတယ်။

ဘေးထွက်ဆိုးကျိုးတွေက သိပ်မဆိုးလှဘူး။ နေ့ခင်းအိပ်ချင်နေတာကတော့ သိသာတယ်။ မူးဝေမယ်၊ အားယုတ်မယ်၊ စိုးရိမ်မယ်၊ အာခေါင်ခြောက်မယ်၊ ပျို့ချင်မယ်၊ အိပ်မရဖြစ်မယ်။

(ဘလော့ခ်) တွေ၊ (ဖေ့စ်ဘွတ်ခ်) တွေမှာ Flibanserin ဆေးကို Female Viagra လို့ရေးလာကြတယ်။ ဒါပေမဲ့ ဒီဆေးဟာ (ဗိုင်ယာဂရာ) နဲ့ သက်ရောက်ပုံချင်း လုံးဝမတူပါ။ Viagra က Selective vasodilators သွေးပိုမိုစီးလျှောက်စေတယ်။ Flibanserin က Serotonin 2A receptor ကို Antagonist ဆန့်ကျင်ပေးတယ်။ Serotonin 1A and Dopamine D4 receptors တွေကိုလဲ ဆန့်ကျင်တယ်။

Flibanserin ဆေးဟာ မူလက Antidepressant စိတ်ကျနေသူတွေကို ပေးရတဲ့ဆေး ဖြစ်ပါတယ်။ ဟော်မုန်းဆေး မဟုတ်ပါ။ ဆေးကိုစမ်းတုံးက သွေးမဆုံးသေးသူ အမျိုးသမီးတွေကို တအုပ်စုကို ဒီဆေးပေ၊ ကျန်တအုပ်စုကို တခြားဆေး ပေးစမ်းခဲ့တယ်။ တခြားဆေးပေးသူတွေမှာ Sexual desire လိင်စိတ် ၆့၎ မှတ်တက်ပြီး၊ ဒီဆေးပေးသူတွေမှာ ၈့၅ မှတ်တက်လို့ ဒီဆေး ကောင်းမယ်လို့ ယူဆတာ ဖြစ်တယ်။

ပညာရှင် Thorp ကနေ ပြောတာတခုက Immediate-acting aphrodisiac ချက်ချင်းသတ္ကိပြမဲ့ လိင်စိတ်ကြွဆေးတော့ မဟုတ်ဘူး” တဲ့။ အချိန်ယူရပါအုံးမယ်တဲ့။

Flibanserin ဆေးရဲ့ Code name က BIMT-17 ဖြစ်တယ်။ ခွင့်ပြုချက်ကျရင် Boehringer Ingelheim ကနေ Girosa ဆိုတဲ့နာမည်နဲ့ ရောင်းမယ်လို့ တွက်ထားခဲ့တယ်။

ဒါပေမဲ့ အမေရိကန် Food and Drug Administration ကနေ အနုတ်သဘော ဆောင်တာတွေ့ပါ တွေ့ရလို့ ၂ဝ၁ဝ အောက်တိုဘာ ၈ ရက်ကနေစပြီး စမ်းသပ်မှုကို ရပ်လိုက်ပါပြီ။ ဒီတော့ Flibanserin ဆေးဟာ တရားဝင် ထုတ်လုပ် ရောင်းချခွင့် မရှိတဲ့ဆေးဖြစ်လို့ ဆရာဝန်တွေက တရားဝင် မညွှန်ပါ။

Dr. တင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၁

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...