အထီးကျန်နေသလား…ဘ၀ကြင်ဖော်ရှာရခက်နေသလား….စိတ်မပူပါနဲ့….တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ အိမ်ထောင်ရေးဈေးကွက်မှာသွားပြီး ကြော်ငြာလိုက်ပါ….


“အမျိုးသမီး…၁၉၈၁ မွေး….အရပ် (၁.၆၂)မီတာ....project director at a foreign company….လစာ RMB 10,000 အထက်….၁၉၇၄-၁၉၈၂ အကြားမွေး…. Bachelor’s degree…. မိသားစုအတွက် တာဝန်ယူနိုင်သူ....” စသဖြင့်…စသဖြင့်…အိမ်ထောင်ရေးဈေးကွက်မှာ ကြော်ငြာထားတဲ့ ကြော်ငြာစာရွက် သောင်းဂဏာန်းချီတဲ့အထဲက တစ်ခုပါ….

အဲဒီကြော်ငြာစာရွက်တွေကို မြို့ထဲမှာရှိတဲ့ မိဘဖြစ်သူတွေက သူတို့ရဲ့သားတွေ၊ သမီးတွေအတွက် လာရောက်ကြော်ငြာပေးထားတာပါ…..မြို့ထဲမှာ အိမ်ထောင်မရှိပဲ အထီးကျန်နေတာဟာ တကယ့် အမည်းစက်ပါတဲ့….အဲဒါကြောင့် သူတို့ရဲ့သားတွေ၊ သမီးတွေ အိမ်ထောင်ကျတာကို မြင်တွေ့ချင်တဲ့ မိဘတွေက ဒီလိုစီစဉ်တာပါ…..ကြင်ဖော်တစ်ယောက်ကို သာမန်အားဖြင့် ရှာဖွေတာမဟုတ်ပဲ ဖော်ပြချက်တွေနဲ့ အံဝင်ဂွင်ကျဖြစ်ရမှာ ဖြစ်ပါတယ်….ကိုယ်ကာယပိုင်းရော လူမှုဆက်ဆံရေး အပိုင်းတွေ အပါအ၀င် တကယ့်လူမှန် နေရာမှန်လည်း ဖြစ်ရပါမယ်….

သားတွေ သမီးတွေဟာ အလုပ်တွေ၊ စာတွေနဲ့ မအားမလပ်ဖြစ်နေတာကြောင့် မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေရဲ့ အချက်အလက်တွေကိုရေးပြီး အိမ်ထောင်ရေးဈေးကွက်မှာ ကြော်ငြာပေးရပါ တယ်…. လူငယ်အများစုကတော့ ဒီဈေးကွက်ကို သဘောတွေ့ကြတယ်လို့ ဆိုပါတယ်….

စနေ၊ တနင်္ဂနွေနေ့တိုင်း လူရာနဲ့ချီပြီး ဒီဈေးကွက်ကို လာရောက်လည်ပတ်ပေမဲ့လည်း…. မိဘတွေ အနေနဲ့ သူတို့စိတ်တိုင်းကျတဲ့ သူတွေ တွေ့ဖို့ဆိုတဲ့ အခွင့်အရေးဟာ တော်တော်လေးနည်းပါတယ်….

မိခင်တစ်ယောက်ကတော့…

“ကျမ ဒီဈေးကွက်ကို အပတ်စဉ်တိုင်းလာတာ ၂ နှစ်ရှိသွားပြီ….ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး…. တချို့လူတွေဆိုရင် ဒီကိုလာတာ ၄ နှစ် ၅ နှစ်ရှိသွားပြီ….တယောက်မှ ရှာမတွေ့သေးဘူး….”

ရှန်ဟိုင်းမှာနေတဲ့ ဖခင်တစ်ဦးကလည်း “မိန်ကလေး အယောက် တစ်ရာထဲက သင်တော်တဲ့ တယောက်လောက် တွေ့မယ်ဆိုရင်….အောင်မြင်ပြီလို့ ပြောလို့ရပြီ…” ….တဲ့…..။








internet
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...