အင်္ဂလန်နိုင်ငံက ထောပတ်တုံး ဖမ်းပွဲ....

Chasing cheese is dangerous

အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ ရိုးရာပျှော်ပွဲရွှင်ပွဲ တခုဖြစ်တယ်လို့ ဆိုပါတယ်.... ၀င်ရောက် ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ Cooper's Hill တောင်ကုန်းပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့ လှိမ့်ချလိုက်တဲ့ ဆလင်ဒါပုံစံ အမာစား ထောပတ်အ၀ိုင်းပြားကြီးကို အနောက်ကနေ လိုက်ဖမ်းရတာပါ... တောင် ကုန်းအောက်ခြေကို အရင်ရောက်တဲ့သူကတော့ အဲဒီထောပတ်ပြားကြီး ကိုရပြီး အနိုင်ရမှာ
ဖြစ်ပါတယ်...တောင်ကုန်းပေါ်ကနေ ပြေးဆင်းရတဲ့အရှိန်ဟာ အလွန်ပြင်းထန်တာကြောင့် ခြေကျိုးလက်ကျိုး စတဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အတော်များပါတယ်.... အရမ်းကို အန္တရာယ်များတဲ့ ကစားပွဲတစ်ခုဖြစ်ပါ... အခုဆိုရင် ကမ္ဘာ့အရပ်ရပ်ကလာတဲ့ ခရီးသွားတွေပါ ၀င်ရောက်ဆင်နွှဲနေကြပြီ လို့ ဆိုပါတယ်.... မိတ်ဆွေတို့လည်း ဆင်နွှဲချင်တယ်ဆိုရင်တော့ နှစ်စဉ် Spring Bank Holiday အချိန်ရောက်ရင် အင်္ဂလန်ကို သွားလိုက်ရုံပါပဲ....

 Chasing cheese is dangerousChasing cheese is dangerousChasing cheese is dangerousChasing cheese is dangerousChasing cheese is dangerousChasing cheese is dangerousChasing cheese is dangerousChasing cheese is dangerous
ကိုးကား...Jay Ho/wikipedia/By Ko Myo
http://lwanmapyay.blogspot.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...