အသက်အရွယ် အပိုင်းအခြားအလိုက် အဖြစ်များတဲ့ ရောဂါများ သိရဲ့လား……

အသက်၂၀-၃၀ အရွယ်
သွေးမတည့်၊ ဓာတ်မသင့်တာ ဖြစ်လွယ်လှပါတယ်။ အကြောင်းကတော့ လူငယ်ကာလမှာ ကိုယ်ခံအား မပြတ်မြင့်တက်နေဆဲမို့ တုံ့ပြန်အား အထူးပြင်းနေ၊ ထက်နေတဲ့ အတွက်ကြောင့်ပါပဲ။
အသက် ၃၁-၄၀ အရွယ်
အယောက် ၂၀မှာ တစ်ယောက်ဟာ ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ ပိုဖြစ် တတ်တယ်။ ဒီလို ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း အလွန်များပါတယ်။ အရက်သောက်ခြင်း၊ သန္ဓေ တားဆေးသုံးစွဲခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အလုပ်ဖီစီးမှုကြီးခြင်း စတာတွေ ကြောင့်ပါ။
အသက် ၄၁-၅၀ အရွယ်
အဖြစ်များဆုံးကတော့ နှလုံးကြွက်သား သွေးငတ်၊ သွေးပြတ်နာပါပဲ။(အထူးသဖြင့် အမျိုးသားတွေ အဖြစ်များတယ်။) အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီးအရွယ်ဖြစ်ရင် သွေးဆုံးကိုင်တဲ့ ဝေဒနာ ခံစား ရတတ်ပါတယ်။ အစမှာ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အားမရှိ ချည့်နဲ့ခြင်း၊ အိပ်မပျော်ခြင်း ၊ပျာယာ ခတ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊ထိတ်လန့် ကြောက်ရွံ့ခြင်း ၊ ကိုယ်တစ်ချက်တစ်ချက်ပူခြင်း ၊ချွေးထွက် လွယ်ခြင်း၊ ကာမရာဂ စိတ်ဆန္ဒလျော့ပါးခြင်း၊ ခါးကိုက်ဗိုက်နာခြင်း၊သားမြတ်တင်းခြင်း ၊ခြေလက် ထုံကျဉ်ခြင်း(သို့) ဖောရောင်ခြင်း၊ ဓမ္မတာမမှန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ အသက်(၅၀) ဝန်းကျင် မှာ ပခုံးပတ်လည် ရောင်ရမ်းတာလည်း သိပ်ဖြစ်လွယ်ပါတယ်။
အသက် ၅၁-၆၀ အရွယ်
အဖြစ်အများဆုံး ရောဂါကတော့ ကင်ဆာပါပဲ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ် ကျဆင်းလာလို့ပါ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ် ကျဆင်းလာလို့ပါ။ ဒါအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ အစားအစာ ညီညွတ်မျှတခြင်း မရှိမှု၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ စိတ်ချမ်းသာအောင် မနေနိုင်မှု ဒဏ်တွေ ကာလကြာရှည် ခံစားလာခဲ့ရတာနဲ့လည်း ဆက်စပ်ပတ် သက်နေ တတ်ပါတယ်။
အသက် ၆၀ နှစ်အထက်
အဖြစ်အများဆုံးကတော့ အရိုးပွခြင်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လွယ်ပါတယ်။
ရောဂါဖြစ်စ အချက်ပြလက္ခဏာ
နှင့်ရောဂါဖြစ်လာကိုယ့်ဘာသာ အမြန်အဖြေရှာ
မင်းစံအိမ် စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်……………..
မင်းစံအိမ် စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်……………..
han152
- (အရှေ့သို့) ထွေရာလေးပါး...၁၀ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Oxford Advanced Learner's Dictionary - 8th Edition Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'