ဖုန်းအားသွင်းလို့ ရမည့်ဆိုလာအင်္ကျီ အိန္ဒိယက ထုတ်မည်

အိန္ဒိယနိုင်ငံ အခြေဆိုက် သိပ္ပံ ပညာရှင်တို့ရဲ့ ထူးထူးခြားခြား တီထွင် ဖန်တီးမှုများ ထဲမှ တစ်ခုပါပဲ။
ဝတ်ထားတဲ့ အိင်္ကျီကနေ ဖုန်းအပြင် အခြားသော Gadget များကို အားသွင်း ပေးနိုင်မှာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့ အိင်္ကျီမျိုး ဖြစ်ပါတယ်။ ဝတ်လိုက်ရင် သာမန် အိင်္ကျီများရဲ့  အလေးချိန်နဲ့ မထူးမခြား နားပါပဲ။ သို့ပေမယ့် သူ့မှာ ဆိုလာပြား ပါပါတယ်။ ဆိုလာပြား ကနေ ဆုပ်ယူတဲ့ စွမ်းအင်ကို သိုလှောင်ပေးမယ့် ဘက်ထရီ အပြားလေးလည်း ပါဝင်ပါ သေးတယ်။ USB ပေါက်ကို အိပ်ကပ်နား လောက်မှာ တပ်ဆင်ထားပြီး ကိုယ်အား သွင်းချင်တဲ့ ပစ္စည်းနဲ့ တိုက်ရိုက် ချိတ်ဆက် ရုံပါပဲ။
ရေစိုခံဖို့လည်း တီထွင်သူတို့ ကြိုးစား ထားပါတယ်။ ဒါမှ လျှော်ဖွတ်လို့ အဆင်ပြေမှာမို့ ဖြစ်ပါတယ်။ လျှော်ဖွတ် ချိန်တော့ ဘက်ထရီပြားလေး ခဏ ထုတ်ရမယ့် အနေအထားမှာ ရှိပါတယ်။
ဈေးနှုန်းကတော့ အိန္ဒိယ ရူပီ ၁၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ မြန်မာငွေနဲ့ဆို (လက်ရှိကာလ ပေါက်ဈေး အရ) တစ်သောင်း ခြောက်ထောင်ကျပ် (၁၆၀၀၀ ကျပ်) ရှိမှာ ဖြစ်ကြောင်း သိရပါ တယ်။
Ref: techbog
Aung Kham (TSJ team)
Ref & Credit to Techspace Journal
http://www.myanmarmobileapp.com/
- (အရှေ့သို့) Funny & Clever Dog.... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အမေရိကန်နိုင်ငံသို့ဖုန်းခေါ်ဆိုခတစ်နှစ် အခမဲ့ရရှိနိုင်မည့် Magic Jack Plus ပြည်တွင်းဈေးကွက်သို့ဝင်ရောက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'