ပလပ်ဆိုက်အမျိုးသမီးများအား ယောက်ျားများပိုပြီးစိတ်ဝင်စား



“PloS ONE” ဂျာနယ်တွင်၊ လန်ဒန် ဝက်စ်မင်စတာ တက္ကသိုလ်မှ သုတေသီများ၏ လေ့လာရေးသားထား ချက်များအရ အမျိုးသားများသည် ခပ်ဝဝအမျိုးသမီးများအပေါ်တွင် စိတ်ဝင်စားမှုပိုမိုကြောင်း ရေးသား ထားသည်။ သို့သော် အဝလွန်ကဲသူများကိုမူ စိတ်ဝင်စားမှုနည်းကြသည်ဟုဆိုသည်။

ဒေါက်တာ တိုဗီး မာတင်က “ကိုယ်ခန္ဓာအချိုးအစားဆိုတာ ပတ်ဝန်းကျင်၊ အလေ့အထတွေနဲ့လည်း သက်ဆိုင်တယ်။ သာမန်လောက်ဝတာ အတိုးအလျှော့ လုပ်လို့ရပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနေ အထားကိုလိုက်ပြီး သူတို့အပေါ် သုံးသပ်လို့ရတယ်” ဟုပြောကြားသည်။

သုံးသပ်ချက်များအရ ပိန်သောအမျိုးသမီးများ အပေါ်တွင် ယောက်ျားတို့ စိတ်ဝင်စားမှုမှာ သာမန်အနေ အထား လောက်သာဖြစ်ကြောင်း၊ ပိန်သောသူ ရောဂါထူသဖြင့်လည်း စိတ်ပျက်ခြင်းဖြစ်နိုင်ကြောင်း၊ ပိန်သော အမျိုးသမီးများသည် ရာသီပုံမှန်မဆင်းခြင်း၊ ကိုယ်ဝန်ဆောင်နိုင်ရန် ခက်ခဲခြင်းစသည့် အကြောင်းအချက်များကြောင့်လည်း ဝသောအမျိုးသမီးများထက် စိတ်ဝင်စားမှုနည်း ရခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် တိုဗီးမာတင်က လေ့လာသုံးသပ်ပြထားသည်။

Myawady News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...