ကားနှင့် လော်ကယ်မီးရထား ကန့်လန့်ဖြတ်တိုက်မှု ဖြစ်ပွား


မုံရွာ စက်တင်ဘာ ၂၇

မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် အင်းရွာသစ် အောင်မင်္ဂလာလမ်းနှင့် ပြည်ထောင်စု လမ်းဆုံအနီး ရထား လမ်းဖြတ်နေရာတွင်ယမန်နေ့နံနက် ၁ဝနာရီ ၁၅ မိနစ်ခန့်က ရထားနှင့်ကား ကန့်လန့်ဖြတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခင်ဦး-မုံရွာ ရထားလမ်းပိုင်းရှိ တင်းတိန်ရံ ဘူတာမှ မုံရွာဘူတာသို့ ထွက်ခွာလာသော လော်ကယ်ရထား (အစုန်) စက်ခေါင်းအမှတ် (၁၂၈)ကို စက်ခေါင်းမှူး ဦးသန်းကြွယ်က မြောက်မှတောင်သို့ မောင်းနှင်လာခဲ့ရာ ရထားလမ်းဖြတ် ဂိတ်နေရာ အဖြစ် တရားဝင်သတ်မှတ် ပြဋ္ဌာန်းပေးထားခြင်း မရှိသည့် အဆိုပါ နေရာသို့ အရောက်တွင် အင်းရွာသစ် အောင်မင်္ဂလာ လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်အမှတ်၇ခ/----- ပါဂျဲရိုး ကားကို ဒေါက်တာ မင်းမင်းကျော်(တိ/ကု) ဆိုသူမှ မောင်းနှင်လာခဲ့ရာ ရထားလမ်းဖြတ် နေရာ၌ ကန့်လန့်ဖြတ် တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ယာဉ်တိုက်မိရာတွင် စတင်ဖြစ်ပွားသည့် နေရာမှ ပါဂျဲရိုးကားမှာ ရထား စက်ခေါင်း ရှေ့၌ ချိတ်လျက် သံလမ်းပေါ်တွင် ပါရှိသွားခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဒေါက်တာ မင်းမင်းကျော် (တိ/ကု)၏ ခြေမပွန်းပဲ့ ဒဏ်ရာနှင့် ဝဲဘက်လက်ဖမိုး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သော်လည်း ရထားပေါ်၌ စီးနင်းလိုက်ပါလာ သူခရီးသည် များမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

မြ၀တီသတင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...