ကိုရီးယားဘွဲ့ကြိုသင်တန်း ပညာသင်ဆု အောက်တိုဘာ ပထမပတ်တွင် လျှောက်ထားနိုင်
ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တွင် ဘွဲ့ကြိုသင်တန်းတက်ရောက်နိုင်မည့် ပညာသင်ဆုအစီအစဉ်အား အောက်တိုဘာ ပထမအပတ်တွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကိုရီးယားသံရုံးက သတင်းထုတ် ပြန်ထားသည်။
မြန်မာကျောင်းသားနှစ်ဦး ရွေးချယ်မည့်ပညာသင်ဆုအစီအစဉ်အတွက် ပညာသင်ဆုလျှောက်လွှာများ ကို အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အတွင်း ကိုရီးယားသံရုံးသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်ထားရန် စည်းကမ်းချက်များတွင် ၁၉၈၉ ခုနှစ်မတ်လ ၁ ရက်မတိုင်မီ မွေးဖွားခဲ့သူ များ၊ ဒီဂရီနှင့်အထက် ဘွဲ့ရရှိထားသူများနှင့် အထက်တန်းကျောင်းသားဘဝ ပညာအရည်အချင်း မှတ် တမ်းကောင်းမရရှိထားသူများကို ပညာသင်ဆုအတွက် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း ကြေ ညာထားသည်။
ပညာသင်ဆုအစီအစဉ်အတွက် ရွေးချယ်ခံရသော ကျောင်းသားနှစ်ဦးသည် ကိုရီးယားနိုင်ငံတွင် ၂၀၁၄ မှ ၂၀၁၉ ခုနှစ်ထိ ပညာသင်ယူခွင့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံကြား ပညာရေးနှင့် အပြန်အလှန်ရင်းနှီးချစ်ကြည်ရေး ဖလှယ်မှုအစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။
နှစ်စဉ်ပေးအပ်နေသောကိုရီးယား ပညာသင်ဆုအစီအစဉ်၌ လျှောက်ထားလိုသူများအနေဖြင့် www. niied.go.kr နှင့် www.gks.go.kr တို့တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
7Day News Journal
Vol.12, No.29, SEP-25, 2013
- (အရှေ့သို့) တောင်ကြီးတွင် ဆေးတက္ကသိုလ်အသစ် ဆောက်မည် ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ကမ္ဘာကြီး ပိုပူနွေးလာတာ လူသားတွေလက်ချက် ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ