တောင်ကြီးတွင် ဆေးတက္ကသိုလ်အသစ် ဆောက်မည်
မြန်မာနိုင်ငံတွင် ငါးခုမြောက် ဆေးတက္ကသိုလ်တစ်ခုအနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆေး တက္ကသိုလ်အသစ် တည်ဆောက်ရန် ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံသားလုပ်ငန်းရှင်များအား တင်ဒါ ခေါ်ယူလိုက်သည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဆေးတက္ကသိုလ်တွင် သင်ကြားရေးဆောင် နှစ်ဆောင်၊ သင်ကြားရေး ခန်းမတစ်ဆောင်၊ ပင်မဆောင်နှင့် အခြားအဆောက်အအုံများ တည်ဆောက်ရန် ကြေညာထားခြင်း ဖြစ်သည်။
လက်ရှိ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်နှင့် မကွေးဆေးတက္ကသိုလ်တို့ကို အသုံးစရိတ်တိုးမြှင့်သုံးစွဲ၍ အရည်အသွေးမြှင့်တင်ရန် ပညာရှင်အချို့ က ဝေဖန်ထောက်ပြမှုများရှိနေသော်လည်း တောင်ကြီးဆေးတက္ကသိုလ်ကို တိုးချဲ့ဖွင့်လှစ်ရန် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုလိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ပညာသင်နှစ်များတွင် ဆေးတက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်လက်ခံသော ကျောင်းသား ဦးရေကို ထက်ဝက်လျှော့ချလက်ခံခဲ့ရာ တောင်ကြီးဆေးတက္ကသိုလ်တည်ထောင်ပြီးပါက ဆေးပညာ သင်ယူလိုသော ကျောင်းသားများအတွက် အခွင့်အလမ်း တိုးမြင့်ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ပြင်ပနိုင်ငံများကလည်း ပြည်တွင်း၌ ဆေးတက္ကသိုလ်လာရောက် တည်ထောင်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများရှိနေပြီး မကြာမီတွင် ပုဂ္ဂလိက ဆေးတက္ကသိုလ်များလည်း မြင်တွေ့ရဖွယ်ရှိနေသည်။
7Day News Journal
Vol.12, No.29, SEP-25, 2013
- (အရှေ့သို့) နိုင်ငံအတွင်း ပညာရေးလှုပ်ရှားသည့် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) ကိုရီးယားဘွဲ့ကြိုသင်တန်း ပညာသင်ဆု အောက်တိုဘာ ပထမပတ်တွင် လျှောက်ထားနိုင် Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း