Cardio လေ့ကျင့်ခန်းတွင် ပြေးခြင်းသည် အကောင်းဆုံး...

 
Cardio လေ့ကျင့်ခန်းများ သည် ခန္ဓာကိုယ်ဝိတ်ကျစေရန် သန် မာသောကြွက်သားများ ရရှိရန် သို့ မဟုတ် ကျန်းမာရေးတိုးတက်ဖွံ့ဖြိုး စေရန်အတွက် အရေးကြီးသည့်အ ချက်ထဲမှ တစ်ခုဖြစ်သည်။ သို့ သော် cardio လေ့ကျင့်ခန်းများတွင် ရွေး စရာနည်းလမ်းမျိုးစုံရှိသည်။ မိမိနှလုံး က ခံနိုင်ရည်ရှိပြီး သက်လုံကောင်း စေမည့်လေ့ကျင့်ခန်းမျိုးများကို ရွေး ချယ်သင့်သည်။ အဓိကရည်ရွယ် ချက်မှာ ကယ်လိုရီလောင်ကျွမ်းရန် နှင့်ကြည့်ကောင်းသောခန္ဓာကိုယ်အ ချိုးအစားရရှိဖို့အတွက် လေ့ကျင့် ကစားခြင်းဖြစ်သည်။
ယင်းတို့အနက် 'ပြေးခြင်း' သည် ထိရောက်သောလှုပ်ရှားမှုတစ် ခုဖြစ်သည်။

ပြေးခြင်းဖြင့်

(၁) အားကစားဖိနပ်ကောင်းကောင်း တစ်ရံမှလွဲပြီး ကစားရန် ကိရိယာတန် ဆာမလိုအပ်ပါ။

(၂)မိမိကြိုက်ရာနေရာ၊ ကြိုက်ရာ အချိန်မျိုးတွင် ပြုလုပ်နိုင်သည်။

(၃)အရိုးများနှင့်ယင်းနှင့်ဆက်နွယ် လျက်ရှိသောတစ်သျှူးများ သန်မာစေ ရန် အထောက်အကူဖြစ်စေသည်။

(၄)ထိရောက်အကျိုးရှိသော လေ့ ကျင့်ခန်းများ လုံးဝမပြုလုပ်သူ၊ ပြု လုပ်မှုနည်းသူများထက်၊ ကျန်းမာ သောနှလုံးခုန်နှုန်းကို ရရှိစေသည်။

(၅)ကယ်လိုရီလောင်ကျွမ်းမှုကို ထိ ရောက်စွာအကူအညီပေးပြီး အထူး သဖြင့် တောင်ကုန်းတက်ခြင်း၊ တာ တိုပြေးခြင်းနှင့်အခြားလေ့ကျင့်မှုများ ကို ကြားကာလတွင် ပေါင်းစပ်ပြု လုပ်ပေးခြင်းသည်လည်း တနည်း အထောက်အကူဖြစ်စေသည်။ စင်စစ်မိနစ်(၃၀)အတွင်းတစ်နာရီလျှင် ၅.၂မိုင် ပြေးခြင်းသည် (၁၄၅)ပေါင်ရှိသူတစ် ယောက်အတွက် ကယ်လိုရီ(၃၀ဝ) လောင်ကျွမ်းစေသည်။ အလားတူ ပုဂ္ဂိုလ်(၁)ဦးအနေနဲ့ ခပ်သွက်သွက် လမ်းလျှောက်လျှင် (၁၅၀)ကယ်လိုရီ လောင်ကျွမ်းနိုင်သည်။ သွက်သွက် လျှောက်ခြင်းကို ခွန်အားနှင့်သက်လုံ ကောင်းစေဖို့ ဆက်တိုက်ပြုလုပ်ထား နိုင်မှ တော်ကာကျမည်။ အကြောင်း မှာ သွက်သွက်လမ်းလျှောက်ခြင်း သည် လူတိုင်းအတွက် အကျိုးမရစေ နိုင်ပါ။ ထို့ကြောင့်ပြေးခြင်းကို Cardio လေ့ကျင့်ခန်းအဖြစ် ပို၍ ပြုလုပ်သင့်သည်။

ဒေါန
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...