အမေရိကန်-အာဆီယံ ပညာသင်ဆုလျှောက်ထားနိုင်
အာဆီယံနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံတွင် သုတေသနနှင့် အသက်မွေးဝမ်းကျောင်း ပညာ ရပ်များ လေ့လာသင်ယူနိုင်မည့် U.S-ASEAN Visiting Scholar (USAS) အစီအစဉ်ကို နိုဝင်ဘာလ ၁၆ ရက်နောက်ဆုံးလျှောက်ထားနိုင်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွင် သုံးလမှလေးလအထိ သွားရောက်ပညာသင်ယူရမည့် အစီအစဉ် အတွက်တက္ကသိုလ် ဆရာ၊ ဆရာမများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွင် အလုပ်လုပ်ကိုင်နေသူများ လျှောက်ထား နိုင်မည်ဖြစ်သည်။
ပညာသင်ဆု အစီအစဉ်အတွက် ပညာရေး၊ အင်ဂျင်နီယာ၊ သဘာဝပတ်ဝန်းကျင် သိပ္ပံ၊ အစားအ သောက်နည်းပညာ၊ ပထဝီဝင်ဘူမိဗေဒ၊ သတင်းအချက်အလက် သိပ္ပံ၊ သတင်းအတတ်ပညာ၊ ဥပဒေ၊ လူမှုသိပ္ပံ၊ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်၊ ပြတိုက်ပညာ၊ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့စီမံအုပ်ချုပ်မှု၊ ပြည်သူ့ကျန်းမာရေး၊ ဘာသာရေးလေ့လာမှု၊ လူမှုရေးပညာ၊ လူမှုစီးပွားရေး၊ စာရင်းအင်းပညာ၊ ဘာသာစကားနှင့် အခြားဘာသာရပ်များ လေ့လာဆည်းပူးခွင့်ရရှိမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်ထားမည့်သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်၍ အသက် (၅၅) နှစ်ထက်မ ကြီးသူဖြစ်ရန် ဒီဂရီဘွဲ့နှင့်အထက်ရရှိထားရန် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအနေဖြင့် TOEFL ၅၅၀ အနည်းဆုံးရရှိထားရမည်ဖြစ်သည်။
အမေရိကန်-အာဆီယံ ပညာသင်ဆု အစီအစဉ်အပါအဝင် အမေရိကန်နိုင်ငံ၏ ပညာသင်ဆုအခွင့် အလမ်းများကို www.burma.usembassy.gov တွင်အသေးစိတ် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
7Day News Journal
Vol.12, No.31, October 9, 2013