ကင်ဆာရောဂါကို တွန်းလှန်နိုင်သည့် အစားအစာများ



Phytonutrients တွေ များစွာပါဝင်တဲ့ အစာတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို တိုက်ထုတ်နိုင်ပြီး ကင်ဆာ Cell တွေကို ကျုံ့စေနိုင်တာကြောင့် ကင်ဆာကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် Phytonutrients တွေများစွာ ပါဝင်တဲ့ အောက်ပါအစားအစာတွေကို စားပါ။

- အစိမ်းရောင်ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ ရွက်လိပ်ဂေါ်ဖီလိုမျိုး Cruciferous ဟင်းသီးဟင်းရွက်တွေမှာ indole-3 Carbinol နဲ့ Sulforaphane ဒြပ်ပေါင်းတွေပါဝင်တဲ့အတွက် ကိုယ်တွင်းဟော်မုန်းတွေကို ညီမျှအောင်ပြုလုပ်ပေးနိုင်ကာ သားမြတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

ဒီဒြပ်ပေါင်းတွေဟာ ဆေးလိပ်သောက်သူတွေမှာ ရှိတတ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေရဲ့ တိုက်ခိုက်မူကိုလည်း ကာကွယ်ပေးပါတယ်။

- အချဉ်အရသာရှိတဲ့ သစ်သီး ဥပမာ - လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပရာသီးနဲ့ ရှောက်သီးမှာ Phytonutrients မျိုးစိတ်ပေါင်း ၅၀ကျော်ပါဝင်ပါသည်။ ဒီထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေကို ပိတ်ပင်နိုင်တဲ့ Flavonodis တွေလည်း ပါဝင်ပါတယ်။

- ပန်းသီး၊ စပျစ်သီးနဲ့ ဆီးသီးတွေမှာ Saponins နဲ့ Quercetin တွေပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ ကင်ဆာကြီးထွားမူကို ပိတ်ပင်ပြီး ကင်ဆာ Cell မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

- အ၀ါရောင်၊ အနီရောင်နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ Carotenoids တွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ဖြိုခွဲနိုင်ပါတယ်။
ခရမ်းချဉ်သီးမှာ Lycopene၊ Glutamic Acid တွေ အပါအ၀င် Phytonutrients တွေ များစွာပါဝင်တဲ့အတွက် ကင်ဆာဖြစ်စေနိုင်တဲ့ Nitrosamines တွေကို ပိတ်ပင်နိုင်တာကြောင့် အစာအိမ်နဲ့ ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

- ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်တွေဟာ ခုခံအားစနစ်ရဲ့ လုပ်ဆောင်ချက်ကို များပြားစေပြီး ကင်ဆာ Cell တွေကို ပျက်စီးနိုင်ပါတယ်။

- ပဲပိစပ်အစားအစာတွေမှာ ပါဝင်တဲ့ Genisteinဟာလည်း သားမြတ်၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။

- မို...ဥပမာ-ရှိတိတ်မိုမျာ Beta Glucan နဲ့ ခုခံအားစနစ်ကောင်းစေတဲ့ Phytochemicals တွေ ပါဝင်ပါတယ်။

- ပင်လယ်ထွက် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပင်လယ်ရေညှိ၊ ရေမှော်နဲ့ ကျောက်ပွင့်တွေဟာ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

- လက်ဖက်စိမ်းလက်ဖက်ရည်ဟာ mitrosamines ဖြစ်ပေါ်မူကို ပိတ်ပင်ပြီး ကင်ဆာကျိတ်ဖြစ်စဉ်ကို တားမြစ်ပေးပါတယ်။

- နနွင်းမှာပါဝင်တဲ့ Curcumin ဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

 (ဒေါက်တာခင်မိုးမိုး)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...