ဆောင်းရာသီဆံသားနှင့် အရေပြားအတွက်လိုအပ်ချက်



ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မူတွေ စတင်ဖြစ်ပေါ်နိုင်တာကြောင့် သင့်ခန္ဓာကိုယ်က အရေပြားနဲ့ ဆံသားတွေအတွက်ပါ ထိန်းသိမ်းနိုင်စေမယ့် အသုံးအဆောင် ပစ္စည်းတချို့မှာ ပါဝင်သင့်တဲ့ ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခြောက်သွေ့နေတဲ့ အရေပြားအတွက် အိုမီဂါ 3 နဲ့ 6 ပါတာကို ရွေးချယ်အသုံးပြုပါ။ Hyaluronic Acid နဲ့ ဗီတာမင်အီးပါဝင်တဲ့ အရောတွေက အရေပြားကို စိုစွတ်နွေးထွေးစေပါတယ်။ အရေပြားကြေးချွတ်ရာမှာသုံးတဲ့ Scrub တွေကိုတော့ အညိုရောင် သကြား၊ သံလွင်ဆီပါတာမျိုးကို ရွေးချယ်ပါ။ ဆီပါဝင်တဲ့ လိုးရှင်းနဲ့ ရေဓာတ် (Moisturizer)ပါတဲ့ လိုးရှင်းကိုသုံးပါ။ မိတ်ကပ်ကိုတော့ အဆီပါဝင်မူများတာကို မရွေးဘဲ Oil Free အမျိုးအစားကိုသာ ရွေးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်အောင် SPF 20 ပါဝင်တာကို ရွေးပါ။

အမည်းစက်တွေကိုကာကွယ်တဲ့ကွန်ဆယ်လာကိုလည်းသုံးပေးပါ။ နူတ်ခမ်းခြောက်သွေ့မူအတွက်လည်း ရေဓာတ် ပါဝင်တဲ့ နူတ်ခမ်းနီအဆီကို သုံးပေးပါ။ Petroleum Jelly (ရေနံဂျယ်လီကို) လိုးရှင်းလိမ်းပြီးသား လက်တံတောင်၊ နူတ်ခမ်း၊ ဒူးဆစ်နေရာနဲ့ ခြေဖ၀ါးတွေကို လိမ်းပေးပါ။ ပျော့ဆေး (Conditioner) နဲ့ ရေဓာတ်အပိုပါဝင်တဲ့ ခေါင်းလိမ်းဆီ အမျိုးအစားတွေကို မဖြစ်မနေသုံးစွဲပါ။ ဆောင်းရာသီအတွက် သီးသန့်ထုတ်တဲ့ အရေပြားခြောက်သွေ့ခြင်းကင်းစေတဲ့ အရေပြားလိမ်းခရင်မ်တွေကိုပဲ သင့်အသားအရေ အတွက် ရွေးချယ်ပါ။ ခြောက်သွေ့တဲ့ အသားအရေသုံးပစ္စည်းကိုတော့ (For Dry Skin ဆိုတာတော့) မရွေးပါနဲ့။

 (သဲသဲ)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...