နာတာရှည်နာကျင်မှုကို စီချွမ်ငရုတ်သီးစားခြင်းဖြင့် သက်သာစေနိုင်

 
photo: google

လူသိများတဲ့ စီချွမ်ငရုတ်သီး ( szechuan pepper )ကို စားသုံးပေးခြင်းကြောင့် ဖြစ်လာတဲ့ ပူစပ်စပ်၊ စပ်ဖျဉ်းဖျဉ်းခံစားမှုဟာ နာတာရှည် နာကျင်မှုကို သက်သာစေတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထား ပါတယ်။ ဒါဟာ အရသာခံစားမှုနဲ့ ထိတွေ့မှုကြားထဲက ရှုပ်ထွေးတဲ့ ဆက်စပ်မှုတစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ တာဖြစ်ပါတယ်။

ဒီလေ့လာမှုကို University College London မှ သုတေသီ Dr. Nobuhiro Hagura က ဦးဆောင်ခဲ့ပြီး အာရှတိုက်ရဲ့ ဟင်းလျာချက်ပြုတ်မှုတွေမှာ ကျယ်ပြန့်စွာ သုံးနေတဲ့ စီချွမ်ငရုတ်သီးကို သုတေသနပြုခဲ့ပါ တယ်။ ဒီငရုတ်သီးဟာ ဦး နှောက်က ထိတွေ့မှုအာရုံခံစားမှုကို တုပနိုင်ပြီး နှုတ်ခမ်းမှာရှိတဲ့ ထိသိ အာ ရုံကြောတွေ ကနေတစ်ဆင့် ဦးနှောက်ကို လှုံ့ဆော်မှုတွေ လုပ်နိုင်ပါတယ်။ဒီသုတေသနမှာတော့ စီချွမ် ငရုတ်သီးမှာပါဝင်တဲ့ ဓာတုပစ္စည်း များဟာ နာတာရှည် နာကျင်မှုတွေမှာ ဦးနှောက်ရဲ့ နာကျင်မှုကို လွန်ကဲစွာ အာရုံခံစားမိနေခြင်းကို တားဆီးပေးနိုင်တာကိုတွေ့ရှိခဲ့ကြပါတယ်။ စီချွမ် ငရုတ်သီးဟာ နှုတ်ခမ်း နဲ့လျှာပေါ်က RA 1  အာရုံကြောမျှင်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

စီချွမ်ငရုတ်သီး မစားမီနဲ့ စား သုံးအပြီးမှာနာကျင်မှုဝေဒနာ အတိမ် အနက်ကို တိုင်းတာတဲ့ ကိရိယာနဲ့ စစ်ဆေးခဲ့ရာမှာ ငရုတ်သီးစားသုံးပြီး သူတွေမှာ နာကျင်မှုသိသိသာသာ လျော့ပါးပြီး ခံစားရတယ်လို့ ဖော် ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ စီချွမ် ငရုတ်သီးမှာပါဝင်တဲ့ sanshool  ဆိုတဲ့ပါဝင်ပစ္စည်းကြောင့်ပဲ ဖြစ်တယ်လို့  Dr. Nobuhiro Hagura  က ပြောကြားခဲ့ပါတယ်။ ဒီလေ့လာမှုကို  Journal Proceedings of Royal Society B မှာ ဖော်ပြထားပါတယ်။

သန့်စင်
ref: ANI
Health Updates Journal
Vol.2, No.38

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...