မျက်နှာပေါ်တွင် တက်တူးအသေထိုးခြင်း၏ အန္တရာယ်



အချို့လူများတွင် တက်တူး အသေထိုးခြင်း၏ ဆိုးကျိုးတုံ့ပြန်မှုကို ရရှိကြသည်။ အချို့တွင် သေရာပါရုပ် ပျက်ဆင်းပျက် အမှတ်အသားများ ရရှိစေခဲ့သည်။ အထူးသဖြင့် မျက်နှာ ပြင်တွင် မျက်ခုံးမွေး အသေထိုးခြင်း၊ မျက်လုံးလိုင်နာအသေထိုးခြင်း၊ နှုတ်ခမ်းဘေးလိုင်းရစ်ဖော်ခြင်းတို့ဖြစ်သည်။

တက်တူးအသေထိုးခြင်းသည် ဖျက်ပစ်ဖို့ခဲယဉ်းပြီးအချို့သောလူ များအဖို့ တက်တူးအရောင်ပြောင်း ခြင်း၊ ပျက်စီးခြင်းတို့ဖြစ်စေတတ် သည်။သူတစ်ပါးသုံးပြီးသားမှင်ကို သုံးမိပါက ထိုသူသည် (၁)နှစ်အ တွင်း သွေးနှင့် သွေးရည်ကြည်လှူဒါန်းမှု မပြုလုပ်ရပါ။

ဆံပင်ဆိုးဆေးအဖြစ် အသုံးပြု သော ဒန်းဆိုးဆေး ( Henna ) ကို အသုံးပြုရာ၌လည်း အန္တရာယ်ကင်း နိုင်သယောင်ထင်ရသော်လည်း FDA (အစားအစာနှင့် ဆေးဝါးဌာန ၏ အစီရင်ခံစာအရ Henna တွင် အရောင်ဆိုးဆေးများပါသကဲ့သို့ အခြားဓာတုပစ္စည်းများရောနှောပါဝင်နေမှုကြောင့် အသားကိုတိုက်ရိုက် ထိတွေ့ခြင်းသည် အရေပြားအတွက် အန္တရာယ်ဖြစ်စေသည်ဟု ဖော်ပြထားကြောင်း သိရသည်။

ထူး
Health Updates Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...