အင်တာနက် လူမှုကွန်ရက်များ၏ ဆိုးကျိုးများ ပိုက်ဆံပိုသုံးဖြစ်စေသည်

photo:google

Health Updates Journal Vol.2, No.38

လူမှုကွန်ရက်များကို စွဲလန်း ခြင်း၊ အလွန်အမင်းအသုံးပြုခြင်း သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ( self-control ) ကိုလျော့ကျစေသည်။ Facebook အသုံးများသည့်နေ့တွင် ဈေးဝယ်ကြမ်း တတ်ကြောင်း လေ့လာမှုများအရ သိရသည်။

အစားလွန်စေသည်
လူမှုကွန်ရက်များတွင် တွေ့ရတတ်သည့် အစားအသောက်ဓါတ်ပုံများသည် ဦးနှောက်၏ ဆာလောင် မွတ်သိပ်မှုဖြစ်စေသည့် အစိတ်အပိုင်းကို လှုံ့ဆော်ပေးနိုင်ပြီး အစာစားပြီးလျှင်သော်မှ ထပ်မံစားချင် စိတ်ဖြစ်စေသည်။

လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းကို ထိခိုက်စေသည်
Facebook နှင့် twitter တို့ကဲ့ သို့နေရာများသည် အယူအဆများ ဖြန့်ဝေရန် အသုံးပြုခံရလေ့ရှိပြီး ဓါတ်ပုံနှင့်စာသားများ ရေးသားဖြန့်ဝေသူအများစုမှာ ကြွားဝါလိုသည့် သဘောဖြင့် ရေးသားလေ့ ရှိသောကြောင့် စိတ်ဓါတ်ကျနေသူတစ်ဦး ဖတ်ရှုမိလျှင် စိတ်ကျရောဂါခံစားရသည်အထိ ဖြစ်စေနိုင်သည်။

ကိုယ့်ကိုယ်ကိုကျေနပ်အားရမှု ( self-esteem) ကိုလျော့ကျစေသည်။
ဂျာမနီတက္ကသိုလ်နှစ်ခု ပူးပေါင်းလေ့လာထားသည့် သုတေသနတွင် facebook ပေါ်၌ ကြာမြင့်စွာ အချိန်ဖြုန်းသူများသည် အထီးကျန်ခြင်း၊ စိတ်ညစ်ညူးခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်းတို့ ခံစားရသည် ကို တွေ့ရသည်။

ခင်မင်ရင်းနှီးမှုလျော့ကျစေသည်
အင်တာနက်ပေါ်တွင် စာရိုက် ၍စကားပြောခြင်းသည် လေသံအနိမ့် အမြင့်ကို ခံစား၍မရခြင်း၊ မျက်နှာ အမူအရာကို မမြင်ရခြင်းတို့ကြောင့် စကားလုံးများ အထအနကောက်ကာ ပြောချင်သည့်အဓိပ္ပါယ်နှင့် တစ်ဖက် လူနားလည်သည့်အဓိပ္ပာယ် ကွဲလွဲတတ်သည်။

သီဟ
Source:RD

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...