ကမ္ဘာ့အဆိပ်ပြင်းဆုံးငါးက ဂျပန်တို့အတွက် အစားအစာ ဖြစ်နေ

Fugu ငါးဟင်းဟာ ဂျပန်မှာ နာမည်ကျော်ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းဟာ ကမ္ဘာ့အဆိပ်အပြင်း ဆုံး သက်ရှိ သတ္တဝါစာရင်းထဲမှာ ပါဝင်တယ် လို့ သိရပါတယ်။
ငါးပူတင်တစ်မျိုးဖြစ်ပြီး ဂျပန်ခေါ် Fugu ဟာ pufferfish တစ်မျိုး ဖြစ်ပါ တယ်။ ယင်းငါးဟာ ပင်လယ်ပျော်ငါးဖြစ်ပြီး သူ့အဆိပ်ကို ဘယ် သက်ရှိ သတ္တဝါမှ မခံနိုင်ပါဘူး။ ရေနေ သတ္တဝါချင်းဖြစ်တဲ့ ငါးမန်း တွေတောင် မစားရဲတဲ့ ငါး ဖြစ်ပါတယ်။ သို့ပေမယ့် ဂျပန်မှာကျတော့ စားသောက်ဆိုင် များရဲ့ ဟင်းလျာ ဖြစ်နေပါတယ်။
ဒီအတွက် ဂျပန်အစိုးရမှလည်း တားမြစ်ချက်များ ထုတ်ပြန်ပေးထား တယ် လို့ ဆိုပါတယ်။ လိုင်စင်ရှိပြီး စာဖိုးမှူးများသာ ယင်းငါးများကို ချက်ပြုတ်ခွင့် ရှိပါတယ်။ ပြီးတော့ ယင်းငါးဟင်းလျာကို ရောင်းချဖို့အတွက် လည်း ဆိုင်ကော၊ ရောင်းသူမှာပါ လိုင်စင်ရှိထားဖို့ လိုအပ်ပါတယ်။
ဘာလို့လဲဆို ငါးရဲ့  အဆိပ်ရှိတဲ့ အပိုင်းကို တော်ရုံလူ မဖယ်နိုင်ပါဘူး။ ယင်း အဆိပ်ကို ဖယ်ပြီးရင်တောင် ကျန်တတ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် စစ်တမ်းရ ဂျပန်မှာ ၁၉၉၆ ခုနှစ်ကနေ သက္ကရဇ် ၂၀၀၆ အထိ အက်ဆီးဒန့် ဖြစ်သူ အရေအတွက် ၇၀ ဝန်းကျင်ရှိပြီး ၆ ဦးထက် မနည်း သေ ဆုံးခဲ့ပါတယ်။
အမှန်တော့ Fugu ငါးအဆိပ်အတွက် ဖြေဆေးမတွေ့သေးပါဘူး။ သူ့ အဆိပ်က အိမ်သုံး ပိုးသတ်ဆေး ဆိုင်ယာနက်ထက် အဆ ၂၀၀ မက ပြင်းပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ်၊ နှလုံးခုံ ရပ် စေပါတယ်။ အက်ဆီးဒန့်မှာ အသက်ရှင်ကျန်ရတဲ့အကြောင်းက အဆင့်ပေါင်းများစွာ စစ်ဆေး ချက်ပြုထားလို့ ဖြစ်ပါ တယ်။ ဒီအတွက် ဂျပန်နိုင်ငံမှလည်း ဆေးဝါး များ ရှာဖွေ ဖန်တီးလျက် ရှိပါတယ်။
လက်ရှိအချိန်ထိတော့ ဂျပန်နိုင်ငံမှာ Fugu ငါးတစ်ကောင် ဟင်းလျာကို အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ စားသောက်ဆိုင်များမှာ ရောင်းချလျက် ရှိကြောင်း သိရပါတယ်။
---
Ref: wiki,jp-news
Aung Kham ( International news for myanmar )

- (အရှေ့သို့) မွေးဖွားကာစ ကလေးရဲ့ရနံက မိခင်ဖြစ်သူရဲ့ဦးနှောက်ကို အလွန်သံယောဇဉ် ခိုင်မာအောင်လှုပ်ဆော်ကြောင်း လေ့လာချက်တွေအရ တွေ့ရှိချက် Cytotec (Misoprostol) ဆေးသုံးနည်းFlibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSPregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ယူအေအီးမှာ ရုပ်ချောလို့ နယ်နှင်ဒဏ်အပေးခံရ Cytotec (Misoprostol) ဆေးသုံးနည်းFlibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSPregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...