ပဲစောင်းလျားသီး၏ ကျန်းမာရေးအစွမ်း



ပဲစောင်းလျာသီးကို ပူပြီးစွတ်စိုတဲ့ နိုင်ငံတွေမှာ အတွေ့များပါတယ်။ ယေဘုယျ အားဖြင့်နွယ်ပင် တစ်ပင် အနေနဲ့ပေါက်ရောက်တဲ့ ပဲစောင်းလျားပင်ဟာ ပျမ်းမျှအားဖြင့် 3-4 မီတာလောက် မြင့်ပါတယ် ပဲစောင်း လျားပင်ရဲ့ အမြစ်ဟာ အာလူးနဲ့ဆင်တူပြီး အာလူးထက် ပရိုတင်းဓာတ် ပါဝင်မှု ပိုများပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ်ပါဝင်မှု

ပဲစောင်းလျားသီးမှာ ဗီတာမင် အေ၊ ဗီတာမင်စီ၊ ကယ်လစီယမ်၊ သံဓာတ်နဲ့တစ် ခြားဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အင်ဇိုင်းတွေလဲ ပါဝင်ပါတယ်။

အရိုးစနစ် ကျန်းမာစေခြင်း

ပဲစောင်းလျားသီးမှာ ကယ်လစီယမ် ပါဝင်မှုများတဲ့အတွက် လူတွေရဲ့အရိုးစ နစ်အတွက် အလွန်အကျိုး ပြုပါတယ်။ ပဲစောင်းလျားသီးမှာ ပါဝင်တဲ့ကယ်လ စီယမ်ဓာတ်ဟာ အရိုးစနစ်ကို တည်ဆောက်ပေးပြီး ရောဂါဝေဒနာတွေ မရအောင် ကာကွယ်ပေးကာ သန်စွမ်းကျန်းမာစေပါတယ်။

ပရိုတင်းပါဝင်မှုမြင့်မားခြင်း

ပဲစောင်းလျားသီးမှာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားတာကြောင့် သက်သက်လွတ်စားသူတွေ အတွက် သင့်တော်ပါတယ်။

-ပဲစောင်းလျားသီး ၀ယ်တဲ့အခါ ညှိုးနေတဲ့ အမျိုးအစားမ၀ယ်ပါနဲ့ ပဲစောင်းလျားသီးမှာ အညိုရောင် အစက်တောင် မပါသင့်ပါဘူး။

-ပဲစောင်းလျားသီး ၀ယ်လာပြီး သိမ်းထားချင်ရင် အကောင်းဆုံးနည်းက ပလတ်စတစ်အိတ်ထဲ ထည့်ပြီးရေခဲသေတ္တာထဲ ထည့်ထားဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် 2-3 ရက်လောက် အထားခံပါတယ်။

-ပဲစောင်းလျားသီးကို မချက်ခင် ရေအေးနဲ့သေချာ ဆေးကြောပါ။

-ပဲစောင်းလျားသီးကို ပရိုတင်းဓာတ်အားဖြည့်တဲ့ အနေနဲ့ စားနိုင်ပါတယ်။


ကြယ်စင်
Good Health
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...