ကားတိုင်းတွင် တပ်ဆင်နိုင်သည့် အလိုအလျှောက် ကားမောင်းသည့် နည်းပညာကို ၂၀၁၅ ခုနှစ်တွင် အသုံးပြုနိုင်မည်



Google နှင့် ကားထုတ်လုပ်သူများက အလိုအလျှောက် မောင်းနှင်နိုင်သည့် ကားများကို တီထွင်နေသော် လည်း တည်ထောင်ခါစ ကုမ္ပဏီတစ်ခုက မော်တော်ကားတိုင်းတွင် တပ်ဆင်နိုင်သည့် အလိုအလျှောက် ကားမောင်းနိုင်သည့် နည်းပညာကို တီထွင်နေသည်ဟု သိရပါသည်။

အဆိုပါနည်းပညာကို Cruise RP-1 ဟု အမည်ပေးထားပါသည်။ Cruise RP-1 ကို ကားတွင် တပ်ဆင်ပြီး လျှင် Cruise ခလုတ်ကို နှိပ်သည်နှင့် စတီယာရင်နှင့် ခြေနင်းများကို ထိတွေ့ရန်မလိုဘဲ Highway လမ်းမ များတွင် အလိုအလျှောက်မောင်းနှင်နိုင်မည်ဖြစ်သည်။ Cruise RP-1 စနစ်က ကားကို သူ၏ လမ်းကြောင်း ပေါ်တွင် တည့်မတ်စွာ မောင်းနှင်ရန် ထိန်းကြောင်းမည်ဖြစ်ပြီး အခြားကားများနှင့် မတိုက်မိရန်လည်း ထိန်းကြောင်းမည်ဖြစ်သည်။ အဆိုပါနည်းပညာသည် Google တီထွင်နေသည့် ကားများကဲ့သို့ လူ၏ အကူအညီလုံးဝယူရန် မလိုအပ်ခြင်းမဟုတ်ဘဲ လူက အချို့နေရာများတွင် ထိန်းကျောင်းရမည်ဖြစ်သည်။

Cruise RP-1 နည်းစနစ်ကို ခေါင်မိုးပါသည့်ကားတိုင်းတွင် တပ်ဆင်နိုင်ပြီး ကင်မရာနှစ်လုံး၊ ရေဒါ၊ GPS ၊ Sensor နှင့် ကွန်ပြူတာအပြင် ကား၏ စတီယာရင်၊ အရှိန်နှင့် ဘရိတ်စနစ်များကို ထိန်းချုပ်သည့် ကိရိယာ ပါရှိပါသည်။  Cruise RP-1 သည် တပ်ဆင်ခ အပါအ၀င် ဒေါ်လာ တစ်သောင်းကျသင့် မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကယ်လီဖိုးနီးယားတွင် အကန့်အသတ်ဖြင့် ရောင်းချမည်ဟု သိရပါသည်။ Cruise RP-1 တပ် ဆင်ထားသည့် ကားများကို စက်တင်ဘာလတွင် စမ်းသပ်မောင်းနှင်မည်ဖြစ်သည်။

Cruise RP-1 အတွက် iOS App ကို တီထွင်ပေးထားပြီး ကား၏ ကင်မရာများမှ ရိုက်ကူးမှုများကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ပါသည်။ iOS Device နှင့် ကင်မရာကို ၀ိုင်ဖိုင်ဆက်သွယ်မှုဖြင့် ချိတ်ဆက်နိုင်ပါသည်။

Cruise RP-1 ၏ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုတွင် လေ့လာနိုင်ပါသည်။



သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...