Google Glass ကို ဗြိတိန်တွင် ရောင်းပြီ



Google Glass ကို ဗြိတိန်တွင် ရောင်းချပေးလိုက်ပြီ ဖြစ်သည်။ ဗြိတိန်သည် အမေရိကန်ပြင်ပတွင် Google Glass ကို ပထမဆုံး ရောင်းချပေးလိုက်သည့် နိုင်ငံဖြစ်ပါသည်။ Google Glass ကို စတာလင်ပေါင် တစ်ထောင် (ဒေါ်လာ ၁၇၀၀) ဖြင့် ရောင်းချပေးနေပါသည်။ အမြင်အာရုံ မကောင်းသူ များအတွက် Google Glass မျက်မှန် ကိုင်းများကိုလည်း ဗြိတိန်တွင် ၀ယ်ယူနိုင်သည်ဟု သိရပါသည်။

Google Glass တွင် 720p Display တပ်ဆင်ထားပြီး Gmail ၊ ၀က်ဆိုက်များ နှင့် လမ်းညွှန်ပြချက်များ ကြည့်နိုင်ခြင်း နှင့် Glassware ဟု ခေါ်သည့် Apps များ အသုံးပြုနိုင်မည်ဖြစ်သည်။ ခေါင်းကို လှုပ်ခါ၍ေ သော်လည်းကောင်း၊ အသံဖြင့်ခိုင်းစေ၍ သော်လည်းကောင်း Google Glass ကို ခိုင်းစေနိုင်ပါသည်။ Glass တွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး ဓါတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးရန် ကင်မရာပါရှိပါသည်။

Google Glass ကို ၂၀၁၃ ခုနှစ်တွင် Explorer Program မှ အကန့်အသတ်ဖြင့် ရောင်းချပေးခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မေလတွင် အမေရိကန်ရှိ နေထိုင်သူအားလုံးကို ရောင်းချပေးခဲ့ပြီး ယခုမူ ဗြိတိန်တွင် ရောင်း ချပေးခြင်းဖြစ်ပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသည့် ဗြိတိန်နိုင်ငံသားတိုင်းသည် Explorer တွင် ပါဝင်နိုင်ပြီး Glass ကို ၀ယ်ယူနိုင်ပြီဖြစ်သည်။

Google Glass ကို ဗြိတိန်တွင် အသုံးပြုနည်းများကို အောက်က ဗီဒီယိုတွင် လေ့လာနိုင်ပါသည်။



သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...