မွေးနေ့နဲ့ မင်္ဂလာသက်တမ်း ၉နှစ်ပြည့်ပွဲလေး ပြုလုပ်ခဲ့တဲ့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်


မေလ ၂၅ ရက်နေ့က သရုပ် ဆောင် ပိုင်ဇေရဲထွန်း ရဲ့မွေးနေ့ဖြစ် သလို၊ ပိုင်ဇေရဲထွန်း နဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင် တို့ရဲ့ ၉နှစ်ပြည့် မင်္ဂလာနှစ် ပတ်လည်နေ့ လည်း ဖြစ်တယ် လို့ သိရပါတယ်။ မွေးနေ့ အတွက် အလှူ အတန်းတွေလည်း လုပ်ဖြစ်သလို မင်္ဂလာ နှစ်ပတ် လည်နေ့နဲ့ မွေးနေ့ အတွက်လည်း ခင်မင် ရင်းနှီးတဲ့ မိတ် ဆွေ သူငယ်ချင်း များ၊ ဆွေမျိုး များ နဲ့ G6 မှာပွဲလေးတစ်ပွဲ လုပ်ဖြစ်တယ် လို့ ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဇင်သဲနိုင် က ပြောပါ တယ်။

“မနက်ပိုင်း ကတော့ ကျွန်မတို့ လှူနေကျ နေရာမှာပဲ အလှူငွေတွေ လိုက်ထည့် လိုက် တယ်။ ညနေပိုင်းက တော့ G6 မှာ နီးစပ်ရာ သူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ ပွဲလေး တစ်ပွဲ လုပ် ဖြစ် ပါတယ်။ ပြီးခဲ့တဲ့နှစ် က ကျွန်မတို့ ချောင်းသာက ACE ဟိုတယ်မှာ လုပ်ပါ တယ်။ ဒီနှစ် ကတော့ ရန်ကုန် မှာပဲ ရှိနေတော့ သူငယ်ချင်းတွေ လည်း စုံတာနဲ့ G6 မှာ အမှတ်တရ ဖြစ်အောင်လို့ လုပ်ဖြစ်တာပါ။ နှစ်တိုင်းတော့ မဖြစ်မနေ တစ်ခုခု တော့ လုပ်ဖြစ်ပါတယ်။ နောက်ဆုံး တအား အလုပ်ရှုပ် နေရင်တောင် သူငယ်ချင်းတွေ စုံပြီး အိမ်မှာ စားသောက်ကြတယ်။ မေ ၂၅ ရက်နေ့က ကျွန်မ တို့နှစ်ယောက် လက်မှတ် ထိုးတဲ့နေ့ပါ။ မင်္ဂလာပွဲ က ၇လပိုင်းမှာ လုပ်တာပါ။ ကျွန်မတို့ က မေ ၂၅ ရက်နေ့ မှာ ခိုးပြေးပြီးတော့ ည ၁၁ နာရီမှာ ရပ်ကွက် လူကြီးကို တံခါး သွားခေါက်ပြီး လက်မှတ်သွား ထိုးကြတာပါ။ ဒီနှစ်ကတော့ မှတ်မှတ်ရရ ပါပဲ။ မေ ၂၄ ရက်နေ့ ည ၁၂နာရီ တိတိမှာ ကိုပိုင်ဇေရဲထွန်း က ကျွန်မ ကို ၉နှစ်ပြည့် နှစ်ပတ်လည်နေ့ အတွက်ကို နှင်းဆီ ပန်းစည်း အကြီးကြီးကို surpise လုပ်ပြီးပေးတယ်။ ကိုစည်သူမောင် က ယူလာပေးတယ်။ သူတို့ နှစ်ယောက် ကျိတ်ပြီး ကြံထားတာ ကျွန်မ လုံးဝ မသိဘူး။ ပါရမီဖြည့်သူက ကိုစည်သူမောင်ပေါ့။ ကျွန်မက အိပ်ခါနီး သူ့ကို Birthday wish လုပ်ပြီး အိပ်တော့မယ် ဆိုတဲ့အချိန်မှ သူတို့နှစ်ယောက်က အဲဒီ နှင်းဆီပန်းကြီးကို ပြကြ တာ။ တအားလည်း ပျော်တယ်။ ဝမ်းလည်း သာတယ်။ တန်ဖိုး ကြီးတာ မကြီးတာ ထက် အခုလို မှတ်မှတ်ရရလေး ပေးတဲ့အတွက် ကျေနပ်ပါတယ်”လို့ ကြည်နူး ပီတိဖြစ်ရကြောင်း ဇင်သဲနိုင်က ပြောပါတယ်။

အိမ်ထောင်သက် ၉နှစ်ကြာ ရွှေလက်တွဲ ခဲ့ကြတဲ့ ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင်တို့ ဇနီးမောင်နှံနှစ်ဦး က နားလည်မှုတွေ များစွာ ယူပြီး သားသားမီးမီး တို့နဲ့ အတူ ပျော်ရွှင် စရာကောင်းတဲ့ မိသားစုလေး အဖြစ် ထိန်းသိမ်း သွားမှာဖြစ်ကြောင်း ပြောပါတယ်။ အခုဆိုရင် ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင် တို့ရဲ့ သမီးကြီး ငြိမ်းခင်ခင်ပိုင် က ၇နှစ်ကျော် ပြီဖြစ်ကာ ILBC မှာ Primary 2 တက်နေပြီဖြစ်ပြီး သားလတ်ဇေဘုန်းပိုင် က ၅ နှစ်ကျော် Kinder garden 2 တက်နေကာ အငယ်ဆုံး သားလေး စစ်ဘုန်း ပိုင် ကတော့ ၃နှစ် ရှိပြီဖြစ်ပြီး အခုနှစ်မှ Preschool စထားမှာဖြစ်တယ် လို့ သိရပါတယ်။





ခိုင်ဝေလွင်
popularmyanmarjournal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...