နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဗီဒီယိုဂိမ်း ၆ ခု (အပိုင်း ၁)


Jack the Ripper on 2014-06-24 15:19

သူ့မတိုင်ခင်က ရုပ်ရှင်တွေနဲ့ ရုပ်ပြစာအုပ်တွေလိုပဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခု တစ်လျှောက်မှာ ဗီဒီယိုဂိမ်း တွေဟာ လူ့အဖွဲ့အစည်းရဲ့ မှားယွင်းမှုများစွာအတွက် နိုင်ငံရေးသမားတွေရဲ့ အပြစ်ပြောစရာ အရာတစ် ခုဖြစ်လာခဲ့ပါတယ်။ စာမကြိုးစားတဲ့ ကျောင်းသားတွေကနေ ကျောင်းနဲ့ပါတ်သတ်တဲ့ ဆိုးဝါးပြီး ကြေကွဲ ဖွယ် ဖြစ်ရပ်တွေအထိ အပြစ်ပုံချခြင်းဖြင့် ဗီဒီယိုဂိမ်းတွေဟာ လူအများရဲ့ အသေးစိတ်စောင့်ကြည့်မှု အောက်မှာ ရောက်နေပါတယ်။ ဗီဒီယိုဂိမ်း တွေက ဆိုးကျိုးမရှိကြောင်း သက်သေပြမှုများစွာရှိပေမယ့် ဗီဒီယိုဂိမ်းက နိုင်ငံတစ်နိုင်ငံနဲ့ တစ်ခါတစ်လေမှာ တစ်ကမ္ဘာလုံးအတွက် အထိန်းအကွပ်မဲ့ စိတ်လှုပ်ရှား စရာတွေအဖြစ် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ခံစားမှုနဲ့ လက်ခံနိုင်စရာ အတိုင်းအတာတွေကို အငြင်းပွားဖွယ်ရာ အလွန်အကျွံချဲ့ထွင်နေတဲ့ ဂိမ်းတွေရှိခဲ့ ပါတယ်။ ငှင်းတို့ထဲက အများအပြားဟာ အချို့နိုင်ငံတွေမှာ ဘယ်တော့မှ မတွေ့မြင်ရအောင် ပိတ်ပင်ခြင်း ခံရပါတယ်။ ကားအကြမ်းဖက်လုယူမှု၊ တစ်စုံတစ်ယောက်ကို လျှပ်စစ်သုံးပြီး သတ်ဖြတ်မှု၊ အရှင် လတ် လတ်မြေမြှုပ်မှုကနေ ခေါင်းဖြတ်မှုတွေ အထိပါဝင်တဲ့ ဗီဒီယိုဂိမ်းတွေဟာ မကြည်ဖြူသူတွေအတွက် တော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ငြင်းခုံဆွေးနွေးစရာဖြစ်ခဲ့ပါတယ်။ အခုဖေါ်ပြမှာကတော့ နာမည်ဆိုးနဲ့ အကျော်ကြား ဆုံး ဗီဒီယိုဂိမ်း ၆ ခု ဖြစ်ပါတယ်။

၁။ Manhaunt – PS2, Xbox, PC



Rockstar North က ဖန်တီးပေးလိုက်ပြီး ၂၀၀၃ ခုနှစ်မှာထုတ်ခဲ့တဲ့ Manhunt ကို တဖြည်းဖြည်း ပျက် သုန်းစပြုနေပြီး အိုဟောင်းစုတ်ပြတ်နေတဲ့ Carcer မြို့မှာ အခြေတည်ထားပါတယ်။ ဒါဟာပြောတဲ့အတိုင်း ကိုယ့်ကိုကိုယ် တစ်စစီ ဆုတ်ဖြဲပစ်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ပြီးတော့ Manhunt ထဲမှာ သင့်ကို အဲ ဒီ့မြို့ရဲ့ အချက်အခြာကျတဲ့ နေရာထဲကို ပို့လိုက်တာဖြစ်ပါတယ်။ ဆေးထိုးပြီးစီရင်ဖို့ သေဒဏ်ကျခံရတဲ့ လူသတ်သမား James Earl Cash ရဲ့ ဇာတ်ကောင်နေရာမှာ သင်ပါဝင်ရမှာ ဖြစ်ပါတယ်။

မီးခိုးငွေ့တွေနဲ့ ကြည့်မှန်တွေကြောင့် ပြင်ပကမ္ဘာက သူ့ရဲ့သေဆုံးမှုကိုသေချာပြီလို့ ယူဆပေမယ့် သူ့ရဲ့ ကြမ္မာက ပိုပြီးတော့ ဆိုးဝါးပါတယ်။ အခန်းတစ်ခန်းထဲ မှာနိုးထလာပြီး အနားမှာရှိတဲ့ နားကြား ကရိယာ က အသံကိုကြားပါတယ်။ အဲဒီ့နားကြားကရိယာရဲ့တစ်ဖက်ခြမ်းက လူက သူ့ကိုယ်သူ “ဒါရိုက်တာ” လို့ ဆိုပြီး Cash ကို လွတ်မြောက်ခွင့်အတွက် ကမ်းလှမ်းပါတယ်။ ဒါပေမယ့် လွတ်မြောက်မှုဟာ Carcer မြို့မှာ အခမဲ့ မဟုတ်ပါဘူး။

Manhunt ထွက်ပေါ်လာချိန်မှာတော့ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။ U.S ရဲ့ပြည်သူ့ ကိုယ်စား လှယ်တစ်ဦးဖြစ်တဲ့ Joe Baca က ‘ဒါဟာ တစ်စုံတစ်ယောက်ကို ဘယ်လိုသတ်ရမလဲဆိုတာ ကလေးတွေ ကို သင်ပြပေးနေပါတယ်။ ပြီးတော့ ဒါက သတ်ဖြတ်ဖို့အတွက် ကြမ်းတမ်း၊ အကြမ်းဖက်မှုကို သာယာပြီး ရက်စက်တဲ့ နည်းလမ်းတွေ အသုံးပြုပါတယ်။

Cash နေရာကနေ ပါဝင်ကစားရတာဟာ သင့်လက်ထဲမှာရှိတဲ့ ဘယ်လက်နှက်ကိုမဆို သုံးပြီး သူ့ကို သတ်ဖို့နောက်က လိုက်နေတဲ့ သူတွေကို သတ်ရတာဖြစ်ပါတယ်။ သေတ္တာစတဲ့ အရာတွေဖွင့်ပြီး လေးလံ တဲ့ ပစ္စည်းတွေကို မရာမှာသုံးတဲ့ သထ္ထုတံတွေကို သူတို့ရဲ့ ဦးခေါင်းခွံတွေမှာသုံး၊ မျက်နှာကို ဘေ့စ်ဘောလ် ရိုက်တံနဲ့ရိုက်ပြီး ပစ်ခတ်နိုင်တဲ့ လက်နှက်အမျိုးမျိုးကို အသုံးပြတဲ့အတွက် Manhunt ကဖန် တီးခဲ့ သမျှထဲမှာ အကြမ်းဖက်မှုအများဆုံး ဗီဒီယိုဂိမ်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

၂။ Postal 2 – PC



Running with Scissors က ဖန်တီးတာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာထုတ်တဲ့ Postal ၂ ဟာ တော်တော်လေး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ Postal ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ Postal 2 မှာတော့ စာပို့သမား တစ်ယောက်ကို မုန်းတီးနေပြီး နှုတ်ကြမ်းတဲ့ အမျိုးသမီး တစ်ယောက်နေရာက ကစားရမှာပါ။ ကစားပွဲ တစ်လျှောက်မှာ တနင်္လာနေ့နဲ့ သောကြာနေ့ကြား အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေ လုပ်ရာမှာပါ။

လုပ်ငန်းဆောင်တာတွေ ဆိုတာကတော့ ရိုးရှင်းပြီး နွားနို့ဝယ်တာ၊ အပြစ်ဝန်ချ တောင်းပန်တာနဲ့ Gary Coleman နဲ့တွေ့ဆုံတာတွေပါ။ ဒါကပုံမှန်ပါပဲ။ ဒါပေမယ့် အခြားဂိမ်းတွေက လူတွေကို သတ်ဖြတ်၊ နာကျင်အောင် လုပ်တာတွေ ပါဝင်ပေမယ့် Postal ကတော့ နည်းနည်း ထူးခြားပါတယ်။ ဒီဂိမ်းက သင့်ကို ဘယ်သူ့ကိုမှ သတ်ဖြတ်ဖို့ တွန်းအားမပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းရဲ့ဆောင်ပုဒ်ကတော့ ‘ဒါဟာ သင်အကြမ်းဖက် တတ်သလောက်ပဲ အကြမ်းဖက်တတ် ပါတယ်ဆိုတာ သတိရပါ’ လို့ဖြစ်ပါတယ်။

Postal 2 က သင့်ကို အကြမ်းဖက် တတ်အောင်တော့ တွန်းအားမပေးပါဘူး။ ဒါပေမယ့် အဲ့ဒီ့အထဲမှာ ညစ်ညမ်းတဲ့ လုပ်ရပ်တွေ အလွန်ပါပါတယ်။ အတိအကျပြောရရင် လူတွေကို မအန်မချင်း ကျင်ငယ်နဲ့ ပန်းရတာတွေ၊ ကြောင်ကို အသံတိပ် ကရိယာအဖြစ် အသုံးပြုရတာတွေ အပြစ်မဲ့ လူတွေကို ခေါင်းဖြတ် ရတာတွေ၊ လူခေါင်းကို အသုံးပြုပြီး ခွေးခေါ်ရတာတွေနဲ့ လျှပ်စစ်သေနတ်ကို အသုံးပြုပြီး လူတွေကိုနှိပ် စက်တာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ထိန်းချုပ်ထားလို့ မရတဲ့ မိန်းမလျာ/ယောကျာ်းလျာ မုန်းတီးမှုနဲ့ များစွာသော လူမျိုးရေးခွဲခြားတဲ့ လှောင်ပြောင်သံတွေကို ဂိမ်းတစ်လျှောက်မှာ မြင်ရကြားရမှာဖြစ်ပါတယ်။

၃။ Carmageddon – MS-DOS, PC, PS1, N64, GBC



Stainless Steel က ဖန်တီးထားပြီး ၁၉၉၇ က ထုတ်ခဲ့တဲ့ Carmageddon က ဒီနေ့ရဲ့ စံနှုန်းတွေနဲ့ကြည့် ရင် စိတ်ဝင်စားစရာ မကောင်းဆုံးနာမည် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့ကာလမှာဆိုရင် တကယ့်ကို စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။ Carmageddon က ကားပြိုင်ပွဲ ဂိမ်းအမျိုးအစားဖြစ်ပြီး အခြား ပြိုင်ကားဂိမ်းတွေက ကစားသူတွေကို ယဉ်မောင်းရာမှာ ကျွမ်းကျင်မှု၊ အမြန်နှုန်းနဲ့ ကွေ့ကောက်ရွေ့ လျားနိုင်မှုတွေပေါ် အာရုံစိုက်စေပေမယ့် Carmageddom ကတော့ အနည်းငယ် ထူးခြားပါတယ်။

Carmageddon က ကစားသူဟာ အခြားကားမောင်းသမားတွေကို တိုက်ခိုက်တာမျိုးတင်မကဘဲ လမ်းလျှောက် သွားလာသူတွေကိုပါ တိုက်သတ် ရတာဖြစ်ပါတယ်။ သွေးကတော့သိပ်ပြီး မပျစ်ပါဘူး။ ဒါပေမယ့် အဲဒါကြောင့် ဒီဂိမ်းကို နိုင်ငံတော်တော်များများမှာ ပိတ်ပင်တာနဲ့ ပုံစံပြောင်းတာတွေလုပ်ခဲ့ရ ပါတယ်။

ဒါပေမယ့် လူစိတ်ဝင်စားမှု ထက်ဆိုးတဲ့ အရာမရှိပါဘူးဆိုတဲ့ စကားအတိုင်းပါပဲ။ Carmageddon ကိုမ ထုတ်ခင်မှာ ထုတ်လုပ်သူ Sci ဟာ ဗြိတိသျှရုပ်ရှင် အမျိုးအစားခွဲခြားရေး ဘုတ်အဖွဲ့ British Board of Film Classification (BBFC) က သတ်မှတ်ပေးတဲ့ ၁၈နှစ်အထက် 18+ အဆင့်ကို ရရှိဖို့ကြိုးပမ်းခဲ့ပါ တယ်။ ဒါပေမယ့် BBFC က ဒီဂိမ်းကို အဲဒီ့အဆင့် သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အခါမှာတော့ ထုတ် လုပ်ရေးအစီအစဉ်ကို ၁၀လထပ်ပြီး နောက်ဆုတ်ခဲ့ရပါတယ်။ ဒါပေမယ့် အရည်အသွေး သိပ်မကောင်းတဲ့ ကားတိုက်ပွဲဂိမ်းကို ပုံစံမပြောင်းထားတဲ့ version နဲ့ ထုတ်နိုင်ခဲ့ပါတယ်။

အပိုင်း ၂ ကိုဆက်လက် ဖတ်ရှုပါရန်

ref:starpulse.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)




ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...