ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ. သိသင့်သော ၄ နှစ်ပြည့် ဗီဇာအကြောင်း


27/6/2014

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီး ယခုအခါ နောက်ထပ် သက်တမ်း (၂) နှစ်ကို ထိုင်းနိုင်ငံ အစိုး ရမှ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် တရားဝင် သက်တမ်းတိုး ပေးလျှက်ရှိပါသည်။

ထိုသို့ မိမိတို့ နေထိုင်ခွင့် (ဗီဇာ) သက်တမ်းတိုးရာတွင် အထူးသတိပြုသင့်သည့် အချက်များ (၅) ချက်ရှိပြီး မှန်ကန်ပြည့်စုံရန် အထူးဂရုပြုဖို.လိုအပ်ပါသည်။

၁။ Passport မူရင်း
၂။ မိမိ ဓါတ်ပုံ(၄) ပုံ
၃။ အလုပ်ရှင်၏ မှတ်ပုံတင် မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၎။ အလုပ်ရှင်၏ အိမ်ထောင်စုမှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၅။ အလုပ်ရှင်၏ နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့် လျှောက်လွှာ (ခိုတာ) (ယခုနှစ်အတွက် ဖြစ်ရပါ မည်)

လုပ်ငန်းစဉ် အဆင့်ဆင့်တွင် အလုပ်ရှင်များ၏ ပါဝင်မှု အားနည်းခြင်း လုပ်ဆောင်ရမည့် အဆင့်ဆင့်အ တွက် နားလည်မှု မရှိခြင်းတို.ကြောင့် မြန်မာအလုပ်သမား အများစုမှာ ကြားခံ ပွဲစားများ(အေးဂျင့်များ) မှ တဆင့် ပြုလုပ်နေကြရပြီး ကုန်ကျစရိတ်များမှာလဲ နယ်မြေဒေသ အလိုက် ၆၅၀၀ ဘတ် / ၇၀၀၀ ဘတ်/ ၇၅၀၀ ဘတ် /၈၅၀၀ဘတ်/ ၁၂၀၀၀ ဘတ် စသဖြင့် ကွာခြားသည်ကိုတွေ.ရှိရသည်။

အမှန်တကယ်မှာမူ မိမိ၏ အလုပ်ရှင်ကိုယ်တိုင် ပြုလုပ်ပါက ၄၀၀၀ ဘတ် ခန်.သာ ကုန်ကျနိုင်သော်လည်း လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီး ကိုယ်တိုင်ပြုလုပ်၇န် အခက်အခဲများ ရှိသောကြောင့် ကြားခံပွဲစား များ ကောက်ခံသည့် ငွေကြေးကိုပေးကာ ပြုလုပ်နေကြရခြင်းဖြစ်သည်။

ယင်းသို.ပြုလုပ်ရာတွင် အချို. မြန်မာအလုပ်သမားများမှာ အချက် (၅)ချက်အရ အချက် ၃/၄/၅ ကို မိမိ အ လုပ်ရှင်ထံမှ တောင်းယူခြင်းမရှိပဲ (သို.) အလုပ်ရှင်များမှ မပေးသောကြောင့် ကြားခံ ပြုလုပ်ပေးသူများ အား ၀ကွက် အပ်လိုက်ရသည်လဲ ရှိသည်။ ဤတွင် ကြားခံပြုလုပ်ပေးသူများမှ အငှားအလုပ်ရှင်နှင့် အငှား နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့် (ခိုတာ) တို့ကို အပိုငွေကြေး ကောက်ခံလျှက် အလွယ်တကူ ပြု လုပ်လျှက်ရှိသည်။ ထိုသို့ ပြုလုပ်ခြင်း၏ ဆိုးကျိုးများမှာ အလုပ်ရှင်အမည်၊ နေရပ်မတူညီခြင်း၊ အလုပ် လုပ် ကိုင်ခွင့် မတူညီခြင်းတို. ဖြစ်စေပြီး သက်ဆိုင်ရာမှ မိမိအလုပ်ခွင်တွင်း ၀င်ရောက် စစ်ဆေးသည့်အခါ ဖမ်း ဆီးခံရနိုင်သည်ကို သိရှိရန် လိုအပ်ပါသည်။

* အမှန်တကယ် ပြုလုပ်သင့်သည့် အချက်များမှာ *

၁။ မိမိအလုပ်ရှင်အား ခွင့်တောင်းလျှက် သဘောတူညီချက် ရယူပါ
၂။ မိမိအလုပ်ရှင်အတွက် နိုင်ငံခြားသားခေါ်ယူခွင့် လျှောက်လွှာအား အလုပ်ရှင်ကိုယ်တိုင် မပြုလုပ်ပါက ကြားခံပွဲစားမှတဆင့် မှန်ကန်အောင် ဆောင်ရွက်ပါ။

* အလုပ်ရှင်အတွက် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူခွင့် လျှောက်လွှာတောင်းခံရန် လိုအပ်ချက်မှာ *

၁။ အလုပ်ရှင်၏ မှတ်ပုံတင်မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၂။ အလုပ်ရှင်၏ အိမ်ထောင်စု မှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၃။ အလူုပ်အမျိုးအစားအလိုက် စာရွက်စာတမ်းများ
(က) ရော်ဘာခြံလုပ်သား ဆိုလျှင် ဥယျာဉ်ခြံပိုင်ဆိုင်မှု အထောက်အထား (ထဗီယမ်ထိဒင်း)
(ခ ) ဆောက်လုပ်ရေး လုပ်သားဆိုလျှင် ဆောက်လုပ်ခွင့် ရရှိထားသည့် အဆောက်အဦးပုံစံ
(ဂ ) ပုဇွန် မွေးမြူရေး လုပ်သားဆိုလျှင် ပုဇွန်ကန် ပိုင်ဆိုင်မှု. အထောက်အထား

စသဖြင့် အလုပ်ရှင်၏ အထောက်အထားများအား အလုပ်ရှင်၏ လက်မှတ်နှင့်အတူ ပူးတွဲပြီး နယ်မြေ အလုပ်သမားဦးစီးဋ္ဌာန ရုံးများတွင် သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

ထိုသို့ ပြုလုပ်မှသာ မိမိအလုပ်ရှင်အမည်နှင့် မိမိအလုပ်အကိုင် မှန်ကန်မည်ဖြစ်ပြီး သက်ဆိုင်ရာမှ ၀င်ရောက် စစ်ဆေးသည့်အခါ အရေးယူခြင်း ခံရမည်မဟုတ်ပါ။

* သက်တမ်းတိုးပြီးပါက ရရှိလာမည့် စာရွက်စာတမ်းများ *

၁။ မိမိ Passport စာအုပ်ထဲတွင် အလုပ်ရှင်အမည် နေရပ်ဖြည့်စွက်ထားသည့် NAN-LA VISA စာမျက်နာ
၂။ အလုပ်လုပ်ခွင့် လက်မှတ်အတွက် ငွေပေးချေပြီးကြောင်း ပြေစာစာရွက် တို့ကို လက်ခံရရှိမည်ဖြစ် သည်။

အထက်ပါအတိုင်း အဆင့်ဆင့်ပြုလုပ်ပြီးပါက သက်တမ်းတိုးပြီးသော မိမိ Passport နှင့် မိမိ Work Permit အား လက်ခံရရှိပြီးပါက မိမိနေထိုင်ရာ နယ်မြေဆေးရုံတွင် ကျန်းမာရေးအာမခံ (ဆေးရုံဘတ်) ပြုလုပ်ပြီး ဆေးရုံမှ ထုတ်ပေးသော သွေးစစ်လက်မှတ်နှင့် မိမိ Passport မိတ္တူ ၊ အလုပ်လုပ်ခွင့် လက်မှတ် ငွေချေပြေစာWork Permit အတူ နယ်မြေ အလုပ်သမားရုံးသို့ ပူးတွဲတင်ပြပြီး Work Permit စာအုပ် အား တောင်းခံရမည် ဖြစ်ပါသည်။

၎ နှစ်ပြည့် သက်တမ်းတိုး လုပ်ငန်းစဉ် အနေနှင့် စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ နှင့်ပြုလုပ်ပါက ကြာမြင့် ချိန်မှာ (၁၀) ရက်မှ (၁၅) ရက်အတွင်း ပြီးဆုံးပါသည်။

(မကြာမှီ ထိုင်းရောက် နိုင်ငံခြားသား အလုပ်သမားများ (လူသစ်) အတွက် ထိုင်းအစိုးရမှ တရားဝင် မှတ်ပုံတင်များ ထုတ်ပေးတော့မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။)

လေးစားမှု. ဖြင့်

မင်းလွမ်းနောင် (ပန်းတနော်)
ရွှေမြို့တော်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...