လူ့သားရေနဲ့ ဖုံးထားတဲ့ စာအုပ်

ဒီစာအုပ်ကို သေချာစွာ ကြည့်ကြည့်လိုက်ပါ။ ပုံမှန်ပဲလား။ ကောင်းပြီ။ သေချာအောင် နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပါ။ အကြောင်းကတော့ ဒီစာအုပ်ကို လူ့အရေပြား( လူသားရေ)နဲ့ ဖုံးထားလို့ပါပဲ။



မယုံမကြည် မဖြစ်ကြပါနဲ့။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ကိုယ်တိုင် ဒီစာအုပ်ကို ဖုံးထားတဲ့ အရာဟာ လူ့အရေအပြား ဖြစ်တယ်လို့ ချွင်းချက်မရှိ သက်သေထူထားပါတယ်။ အသေး စိတ်ပြောရရင်တော့ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးရဲ့ ကျောဘက်က အရေပြားကို အသုံးပြုထားခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသမီးဟာ လေဖြတ်ပြီး သေဆုံးခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။ သူမရဲ့ မိသားစု က သေချာစွာ ဖြေရှင်းချက် မပေးထားတာကြောင့် အခုလို မသေချာမရေရာတဲ့ အခြေအနေဖြစ်ခဲ့ရ တယ် လို့ အဆိုပါ စာအုပ်ရှိရာ ဟားဗတ်စာကြည့်တိုက်မှ စာအုပ်ထိန်းသိမ်းသူ တစ်ဦးကပြောပါတယ်။

သတင်းကောင်းတစ်ခုကတော့ စာအုပ်ဟာ ရာစုနှစ်များစွာ ကြာပြီဖြစ်တဲ့ Des destinees de l’ame လို့ အမည်ရတဲ့ စာအုပ်ဖြစ်ကြောင်း သိရတဲ့ အတွက် ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ၁၈၀၀ ပြည့်နှစ်များက စာအုပ်ဖြစ်ပြီး အဲဒီအချိန်က ရာဇ၀တ်သားတွေရဲ့ အရေပြားနဲ့ စာအုပ်ဖုံးခြင်း ခေတ်စားနေတဲ့ ကာလဖြစ် တယ်လို့ ယုံကြည်လက်ခံနိုင်ဖွယ် ရှိတဲ့ ခေတ်ဖြစ်ပါတယ်။ အဲဒီ အလေ့အထကို anthropodermic bibliopegy လို့ ခေါ်ပြီး လူ့အရေပြားနဲ့ စာအုပ်ဖုံးခြင်းလို့ ဆီလျော်အောင် ပြန်ဆိုချင်ပါတယ်။

အဆိုပါ စာအုပ်ကိုတော့ ပြင်သစ် ၀တ္တုစာရေးဆရာ Arsene Houssaye ရေးသားထာခြင်း ဖြစ်ပြီး လူ့စိတ် ၀ိဉာဉ်များပေါ်မှာ တရားထိုင်ခြင်း အက်ဆေး ပေါင်းချုပ် ဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်ထဲမှာတော့ စာရေးဆရာက ဘာကြောင့် အမျိုးသမီး အရေပြားနဲ့ စာအုပ်ကို ဖုံးရန် ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရေးသား ထားပါတယ်။



သေချာကြည့်မယ်ဆိုရင် အရေပြားပေါ်က ချွေးပေါက်လေးတွေကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါလိမ့် မယ်လို့ စာရေးသူ Mr Houssaye ကရေးသားထားပါတယ်။ ဒါ့အပြင် လူတွေရဲ့ စိတ်ဝိဉာဉ် အကြောင်း ရေးထားတဲ့ စာအုပ်ကို ဖုံးဖို့အတွက် လူ့အရေပြားပဲ သုံးဖို့ သင့်တော်ပါလိမ့်မယ်လို့ ရေးထားပါသေးတယ်။

အခြား စာအုပ်နှစ်အုပ်ကိုလည်း ထပ်မံ စစ်ဆေးခဲ့ပြီး သိုးသားရေနဲ့ ဖုံးအုပ်ထားတယ်လို့ သိရပါတယ်။ သိပ္ပံပညာရှင်များဟာ peptide mass fingerprinting လို့ ခေါ်တဲ့ နည်းလမ်းကို အသုံးပြုပြီး အဆိုပါ စာအုပ်ဟာ လူ့အရေပြားကနေ ပြုလုပ်ထားခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ 


World Myanmar News
ref: metro
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...