အားကစားသမားကြီးများက သက်လုံကောင်းစေရန် မိခင် နို့ကို ၀ယ်ယူသောက်သုံး

အမျိုးသား အားကစားသမားကြီးများသည် သက်လုံကောင်းစေရန်နှင့် အားအင်ဖြစ်စေရန် အတွက် အားဖြည့်အရည် အသစ်တစ်မျိုးကို မှီဝဲသောက်သုံးလာကြသည်။



သို့သော် သောက်သုံးသူ အားကစားသမားများက ၎င်းတို့သောက်သုံးသည့် အားဖြည့်ရည်ကို ယခုတိုင် လူရှေ့သူရှေ့တွင် ထုတ်ဖော် မပြောကြပေ။ ထိုအားဖြည့်အရည်သည် တရားမ၀င် ဖြစ်နေသောကြောင့် ၎င်းတို့က လျှို့ဝှက်ထားခြင်း မဟုတ်ပေ။ ထိုအရည်သည် မိခင်နို့ဖြစ်နေသောကြောင့်သာ ၎င်းတို့က ထုတ်မပြောကြခြင်း ဖြစ်သည်။ မိခင်နို့ရည်သည် အကောင်းဆုံး အာဟာရဟု အများက လက်ခံကြမည်ဟု ယူဆရသည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှ အားကစား သမားတစ်ဦး ဖြစ်သူ အန်တိုနီက မိတ်ဆွေ တစ်ဦး၏ အကြံပေးချက်ကြောင့် မိခင်နို့ကို စတင်သောက်သုံးခဲ့သည်ဟု ပြောပြခဲ့သည်။ အားကစား ခန်းမများတွင် သွားကစားရာ ထိုမှ မိတ်ဆွေများနှင့် စကားစမြည် ပြောရင်း ၎င်းတို့လည်း သက် လုံကောင်းစေရန် မိခင်နို့ကို သောက်သုံးလာကြသည်ဟု အန်တိုနီက ဆိုသည်။

အန်တိုနီသည် မိခင်နို့ရည်ကို အွန်လိုင်းမှ ၀ယ်ယူခြင်း ဖြစ်သည်။ မိခင်နို့ရည်သည် သဘာဝ ပစ္စည်း ဖြစ်သည့်အပြင် အင်အားလည်း ဖြစ်စေသည် ဟု ၎င်းက ဆိုသည်။ မိခင်နို့်ဖြင့် လုပ်သည့် ရေခဲမုန့်၊ ဒိန်ခဲ၊ ဆပ်ပြာဟူ၍လည်း ရှိကြောင်း သိရသည်။

World Myanmar News
ref: Metro
ချယ်ရီ
photo>> healthbubble
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...