Collagen တွေက တကယ်အသားဖြူစေတာလား
အသားဖြူဆေး အကြောင်းအရာကို အမေးများလို့ ပြောပြချင်ပါတယ် ။ အသားဖြူခြင်း မည်းခြင်း ညိုခြင်း သည် မျိုးရိုးဗီဇဖြင့်သာ သက်ဆိုင်သလို့  အဓိကဖြစ်ပါသည် ။
အသားဖြူဆေးသာ တကယ်ဖြူတယ် ဆိုးကျိုးလည်း မရှိဘူးဆိုရင် လူမည်းဆိုတာ ဘယ်ရှိမလဲ မိမိသည် ရိုးရိုးရှင်းရှင်းလေးတွေးမိပါသည် ။
တရုတ်နိုင်ငံဖက်ကလည်း လာပါတယ် သူထက်စာရင် ထိုင်းနိုင်ငံထုတ် အသားဖြူခရင်များကို ယခုနှစ် ပိုင်းတော်တော်များများ သုံးစွဲလာကြတယ်လို့ လည်း သိရပါတယ်။ ကြေငြာ လက်ကမ်းကိုဖတ် အဆိုး အကောင်းမှန်းမသိ သုံးစွဲနေကြပါသည် ။ စီးပွားရေး သမားတွေက ငွေကိုကြည့်မှာပါ လူသားဘယ်လို အကျိုးသက်ရောက်နေမယ်ဆို မကြည့်တာ များပါတယ် ။ ကျွန်တော်တို့ ကတော့ လူတွေရဲ့  ကောင်းကျိုးကို ဘဲ ကြည့်ရပါတယ် ။
ဒီလိုအသားဖြူ အလှကုန် ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲေ၇း ဦးစီးဌာန (FDA)က ၂၀၁၄ ခုနှစ် မတ်လတွင် ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း ၂၁ မျိုးကို ဝယ်ယူ စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် အသားဖြူခရင် ကိုးမျိုးတွင် အန္တရာယ်ဖြစ်စေသောပါဝင် ပစ္စည်းများတွေ့ ရှိခဲ့ သည့် ။ အန္တရာယ်ရှိ အလှကုန်ပစ္စည်း တံဆိပ်များတွင် Mellano ၊ Polla Baschi နှင့် Nineteen Nano19 တို့ ပါဝင်ကြောင်း သတင်းများအရ သိရှိရပါသည် ။
ဒါကြောင့် တကယ်အသားဖြူ မဖြူဆိုတာ အဖြေတစ်ခု ပေးသိသလိုပါ ။
မြန်မာနိုင်ငံမှာလည်း ဒါတွေကကောင်းတယ် ဘယ်နိုင်ငံမှာဘယ်လို ဘယ်သူတွေက သုံးနေကြတယ် ကောင်းလွန်းလို့ လူတော်တော်များများ သုံးစွဲကြပြီး ရောင်းပေးရင်လည်း အမှတ်တွေရ ပိုက်ဆံလည်းရ အလုပ်လည်းရ ဆိုပြီး ကျန်နေသေးပါတယ် ။ အဟာရလိုလို ဆေးလိုလို ရောဂါတွေ အကုန်ပျောက်သ လိုတွေ ရှိနေ ပေါနေပါသေးတယ် ။ ရောင်းအားကောင်းရင် နိုင်ငံခြား ခရီးစဉ်တွေ သွားရအုံးမယ် ဆို တာတွေပေါ့ လူအကြိုက်မက်လုံးတွေက သည်းခြေအကြိုက် သည်းခြေအခိုက်ပေါ့ ။
အသက်ရာကျော် ရှည်ပါစေ
Mg Mandalay
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)