အမျိုးသမီးတွေ ရည်ရွယ်ပြီး အထူးမော်ဒယ်အသစ်နှစ်မျိုး ထုတ်လိုက်တဲ့ Harley Davidson


Angel on 2014-06-09 11:23

Harley Davidson ဆိုတာ ဟောလီးဝုဒ်ရဲ့ နာမည်ကြီးအက်ရှင်မင်းသားတွေ၊ ရော့ခ်အဆိုတော်တွေက စလို့  အမျိုးသားတိုင်းရဲ့ အကောင်းဆုံးရွေးချယ်စရာ မော်တော်ဆိုင်ကယ်အဖြစ် ကာလကြာရှည်ရပ်တည် လာခဲ့တာပါ။

ဒါပေမယ့် အခုတော့ နာမည်ကြီး အမေရိကန်မော်တော်ဆိုင်ကယ် လုပ်ငန်းစုဟာ အမျိုးသမီးတွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ မော်တော်ဆိုင်ကယ် မော်ဒယ်သစ်နှစ်ခုကို ဖြန့် ချိလိုက်ပြီး အားလုံးကို ပြောင်း လဲပစ်ဖို့  ရည်ရွယ်နေပါပြီ။

The Street 500 နဲ့ Steet 750 တို့ ဟာ Harley Davidson ရဲ့ ၁၃ နှစ်တာကာလအတွင်း ပထမဆုံး ဆိုင်ကယ်အသစ်တွေဖြစ်ပြီး Harley ရဲ့ ဘော့စ်တွေကတော့ ဒီဆိုင်ကယ်တွေဟာ အမျိုးသမီးတိုင်းရဲ့ ဂိုဒေါင်ထဲမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။

ဒီဆိုင်ကယ်တွေရဲ့ ဒီဇိုင်နာတွေဟာ ဆီတိုင်ကီကို ကြီးကြီးမားမားနဲ့ လုံးလုံးချောချောပုံစံ လုပ်ထားပြီး Harley ရဲ့ ယောင်္ကျားဆန်တဲ့စတိုင် နဲ့ ကိုက်ညီအောင်လည်း ကိုယ်ထည်တစ်ခုလုံးကို တောက်ပြောင်နေအောင် လုပ်ထားပါတယ်။ ပုံစံမတူတဲ့ခြေနင်း၊ အနည်းငယ်နှိမ့်ထားတဲ့ထိုင်ခုံတွေနဲ့ အမျိုးသမီးထုအတွက် ကိုက်ညီအောင်လည်း ပုံစံထုတ်ထားပါတယ်။

Harley Davidson ဟာ အမျိုးသမီးတွေအတွက် ဆိုင်ကယ်နဲ့ ပတ်သက်တဲ့အခြေခံအကြောင်းအရာတွေကို ရှင်းလင်းသင်ကြားပေးမယ့် သင်တန်းပါတီတွေဖွင့်လှစ်ပေးခဲ့ပြီး မိန်းမဦးရေ တစ်သောင်းလောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးအများစုဟာ ဆိုင်ကယ်ကိုအခုမှစီးနင်းမယ့်လူတွေအတွက် သင်ကြားပေးတဲ့ ဆိုင်ကယ်စီးနည်းသင်တန်းတွေကိုပါ တက်ရောက်နေကြတယ်လို့ ဆိုပါတယ်။

၂၀၀၆ ခုနှစ်က ကနေဒါနိုင်ငံ မှာ အမျိုးသမီးဆိုင်ကယ်သမားတွေအတွက် ရည်ရွယ်ပြီး စတင်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးဆိုင်ကယ်သမားများနေ့ ကို အခုဆို အမေရိကန်နဲ့ ဗြိတိန်တို့ မှာပါ ကျင်းပနေသလို အိန္ဒိယ၊ရုရှားနဲ့ ဘရာဇီးတို့ မှာလည်း ကျင်းပနေပါပြီ။ အမျိုးသမီးထုကြားမှာ ခေတ်စား လာတဲ့ ဆိုင်ကယ်စီးခြင်းဟာ ရေပန်းစားလာကြောင်း ကျွမ်းကျင်သူတွေက ဆိုခဲ့ပါတယ်။




Ref: Dailymail.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...