iCloud (or) Apple ID အကောင့် Free ဖွင့်နည်း

 

Apple ထုတ်ကုန်တွေမှာ iCloud ရဲ့ အသုံးဝင်ပုံလေးတွေကို ဆက်လက် ဖေါ်ပြပေးချင်ပါသေးတယ်..။ iDevices တွေကို မြန်မာပြည်သားများ အသုံးပြု နည်းနေသေးပေမယ့် လက်ရှိအသုံးပြုနေတဲ့သူ အများစု ကလည်း iDevices တွေအကြောင်း ကောင်းကောင်း မသိသေးတာရယ်၊ သိပ်လည်း အသုံးမပြု တတ်ကြ သေးတာကြောင့် ဒီအသုံးပြုနည်းတွေကို ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ရပါတယ်..။ လက်ရှိအချိန်ထိ Apple ထုတ်တွေကို ဝယ်ကိုင်နိုင်သော်လည်း iCloud အကောင့်တစ်ခု ရဖို့ကို အခကြေးငွေပေးပြီး ဖွင့်ခိုင်း နေကြတာ တွေ့နေရတဲ့အတွက်.. ဒီလိုလွယ်ကူတဲ့ နည်းလေးတွေကို အလွယ်တကူ လုပ်တတ် အောင် ၊ iCloud အကောင့်တွေ ဖွင့်တတ်အောင် ဒီပိုစ့်မှာ ပုံလေးတွေနဲ့ အစအဆုံး ပြပေးထားပါတယ်..။
iCloud ဆိုတာက Apple ထုတ်တွေရဲ့ လုံခြုံရေးလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး..။ ဥပမာ မိမိမှာ iPhone တစ်လုံးရှိပြီး အကြောင်းတခုခုကြောင့် ပျောက်သွားတယ်ဆိုရင်တောင်.. ဒီ iCloud အကောင့်နဲ့ မိမိဆီ ဖုန်းပြန်ရောက်လာအောင် ဆက်သွယ်နိုင်ပါလိမ့်မယ်..။ iPhone ရဲ့ SIM ကတ်နဲ့ အမြဲတမ်း အင်တာနက် ဖွင့်ထားဖို့တော့ လိုပါတယ်..။ နောက်ဆုံး မိမိဆီ ဖုန်းပြန်မရောက်လာရင်တောင်မှ အဲ့ဒီ iPhone ကို ဘာမှ အသုံးပြုလို့ မရအောင် Lost Mode and Erase Mode တွေနဲ့ ထိန်းချုပ် ဖျက်ဆီးပစ်လိုက်လို့ ရပါ တယ်..။ ယနေ့အချိန်ထိ iCloud ရဲ့ လုံခြုံရေး (Security) ကို ဖျက်စီးနိုင်တဲ့ ဆော့ဝဲလ်တွေနဲ့ ဟတ်ကာ တွေ မထွက်ပေါ်လာသေးပါဘူး.. (နောက်ပိုင်းတော့ ပေါ်ကောင်းပေါ်လာပါလိမ့်မယ်)။ ဒါကြောင့် Apple ထုတ်ကုန်တွေ ဝယ်သုံးနိုင်တဲ့သူများကတော့ ဒီ iCloud အကောင့်ကို မဖြစ်မနေ လုပ်ထားရမှာပါ..။ နောက်တစ်ခုကတော့ iCloud ရဲ့ Find my iPhone ကို အလွယ်တကူ ပိတ်လို့မရအောင် Pass Code (or) လက်ဗွေ နဲ့ ဖုန်းအဖွင့်မှာ ပိတ်ခံထားဖို့လည်း လိုပါတယ်..။

Apple ID ဆိုတာကတော့ Gmail အကောင့်နဲ့လည်း ဖွင့်သုံးလို့ ရသလို၊ iCloud အကောင့် ထည့်ပြီး တော့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ ဟိုးအရင်ပိုစ့်ဖြစ်တဲ့ ကွန်ပျူတာကနေ Gmail ဖြင့် iTunes နဲ့ Apple ID ဖရီးအကောင့် ဖွင့်နည်းကိုလည်း ဒီလင့်က ပိုစ့်မှာ တင်ပေးထားခဲ့ဖူးပါတယ်..။ iOS 6.1 မှာ iCloud အကောင့်ဖွင့်ရင် Gmail နဲ့ Confirm ပြန်လုပ်ပေးရတာ တွေ့ရပြီး iOS 7.1.1 တစ်လုံးမှာ Gmail နဲ့ Confirm လုပ်ဖို့ မလိုတာ တွေ့ရပြန်ပါတယ်..။ ဘယ်လိုပဲ ဖြစ်ဖြစ် သူရေးထားတဲ့ စာသားတွေကို ကြည့်ပြီး အဆင်ပြေသလို လိုက်လုပ်ပေးလိုက်ရင်တော့ ok သွားမှာပါ..။ အခု ဒီပိုစ့်က ပုံတွေကတော့ iPhone 4s iOS 6.1 နဲ့ လုပ်ပြထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်..။ 

iPhone တွေ ၊ iPad တွေ ပျောက်သွားခဲ့ရင်တော့ မိမိတို့ ကွန်ပျူတာကနေ iCloud ဆော့ဝဲလ်ကို ထည့် သွင်းပြီးတော့ မိမိတို့ iPhone ၊ iPad တွေမှာ ထည့်ထားတဲ့ iCloud အကောင့်နဲ့ ဝင်ပြီး အပေါ်မှာ ရေးပေး ခဲ့သလို Lost Mode and Erase Mode တွေနဲ့ မိမိတို့ ဖုန်းကို တခြားလူ အသုံးပြုလို့ မရအောင် iCloud နဲ့ ထိန်းချုပ်ထားလို့ ရပါတယ်.။ ဒါကြောင့် ဝင်းဒိုးတွေအတွက် iCloud ဆော့ဝဲလ် လိုအပ်ခဲ့ရင်တော့ အောက် ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်က 67 MB ရှိပြီး၊ ဒါရိုက်လင့်နဲ့ ချိတ်ပေးထားပါတယ်..။

iCloud for Windows

အောက်ကပုံလေးကတော့ iCloud နဲ့ iPhone ၊ iPad ပျောက်သွားခဲ့ရင် ပြန်ရှာ ယူနိုင်တဲ့ ပုံလေးကို ပြပေး လိုက်တာပါ..။



iCloud ဖရီးအကောင့်ဖွင့်ဖို့ မိမိတို့ရဲ့ iPhone ၊ iPad တွေမှာ အင်တာနက် ရရှိနေရပါမယ်..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Setting ကနေ သွားလိုက်ပါ။ ပြီးရင်တော့ အောက်ကိုဆွဲချပြီး အောက်ဒုတိယ ပုံလေးအတိုင်း iCloud စာသား နေရာကို ဆက်နှိပ်ဝင်သွားလိုက်ပါ..။





အောက်ကပုံလေးအတိုင်း ပေါ်လာရင်တော့ OK ပေးပြီး Get a Free Apple ID စာသားလေးကို ဆက်နှိပ် သွားပါ..။





အောက်ကပုံအတိုင်း မွေးသက္ကရာဇ်ကို အဆင်ပြေသလို ထည့်ပေးလိုက်ပါ..။ ၁၈ နှစ်ကျော်ဖို့ လိုပါတယ်..။ ပြီးရင် Next..။





အပေါ်ပုံအတိုင်း နာမည် ရှေ့၊ နောက် ပေးပြီးရင်တော့ အောက်ကပုံအဆင့်မှာ Get a free iCloud email address စာသားကို ရွေးယူပြီး Next နှိပ်သွားပါ..။



iCloud ရဲ့ Email မှာ အောက်ကပုံအတိုင်း ထည့်ပါ..။ မရရင် နာမည်ပြောင်း၊ သို့မဟုတ် နာမည်နောက် မှာ နံပါတ်တွေ ထည့်ပြီး ပြန်စမ်းကြည့်ပါ..။ ပြီးရင်တော့ အောက် ဒုတိယ ပုံအတိုင်း Create စာသားကို ဆက်နှိပ်သွားလိုက်ပါ..။





Password မှာ တော့ အရင် Apple ID အကောင့်ဖွင့်တုန်းကလိုပဲ စည်းကမ်းချက်တွေ ရှိပါတယ်..။ (၁) ထိပ်ဆုံးစာလုံးအကြီး (Caps Letter) ဖြစ်ရမယ်။ (၂) အက္ခရာတူ၊ နံပါတ်တူ ၃-လုံး မဖြစ်ရ။ (၃) အက္ခ ရာနှင့် နံပါတ် အတူရောပါရမည်။ (၄) အနည်းဆုံး ပါတ်စ်ဝါ့ဒ်မှာ ၈-လုံး ဖြစ်ရမည်။ (၈-လုံးထက် ပို၍ရ သည်) ဒီစည်းကမ်းချက်တွေ ညီရင်တော့ iCloud အကောင့်တစ်ခုကို မိမိတို့ရဲ့ iPhone ၊ iPad တွေနဲ့ အလွယ်တကူ ဖွင့်ယူလို့ ရပါပြီ..။ အောက်ကပုံလေးတွေအတိုင်း ကျနော် ပါတ်စ့်ဝါ့ဒ်တွေ ထည့်ပေးလိုက် ပြီး iCloud အကောင့်တစ်ခုကို ကျနော်ဖွင့်လို့ ရခဲ့ပြီ..။ ဒါတွေမသိလို့ပဲ iCloud အကောင့်တွေကို ဆိုင်တွေ မှာ အခကြေးငွေပေးပြီး ဖွင့်ခိုင်းနေကြရသည်..။ တချို့ဆိုင်တွေဆိုရင် Online မှာ ဈေးဝယ်လို့ရတဲ့ Visa လို Master လို ကတ်တွေရှိမှ iCloud အကောင့်ကို ဖွင့်လို့ရသည်လို့ ပြောတာများလည်း ကြုံဖူးပြီ..။ တ ကယ်တော့ လုပ်နည်းနဲ့ စည်းကမ်းတွေ မသိလို့သာ သူများပြောတိုင်း ယုံနေရတဲ့ သူများအတွက် ဒီပိုစ့်မှ နည်းများက ထိုသူများအတွက် အတော်လေး အထောက်အကူ ပြုလိမ့်မည် ထင်ပါသည်..။ ပါတ်စ့်ဝါ့ဒ် တွေ ကိုတော့ ကျနော် Apple ရဲ့ စည်းကမ်းများအတိုင်း အောက်ကပုံလေးအတိုင်း ထည့်ပေးလိုက်ပါပြီ..။ Verify မှာလည်း Password နေရာမှာ ရေးခဲ့တဲ့အတိုင်း မှန်အောင် ပြန်ရေးထည့်ပေးလိုက်ပါ..။ နောက် ဆုံးမှာတော့ ကျနော် နံပါတ်တွေနဲ့ ပေးဆုံးထားပါတယ်..။ အောက်ကပုံလေးတွေကို ဆက်ကြည့်လိုက်ပါ..။







ပါတ်စ်ဝါ့ဒ်ထည့်ပေးပြီး Next ကို နှိပ်သွားလိုက်ပါ..။ အောက်က အဆင့်တွေမှာတော့ မေးခွန်း ၃-ခု ကို ၊ ကြိုက်တဲ့မေးခွန်းရွေးယူပြီး ကြိုက်တဲ့ အဖြေတွေ ထည့်ပေးလိုက်လို့ ရပါတယ်..။ အဆင့်ဆင့် ရေးမှတ်ထား ရင်တော့ နောင်တချိန် လိုအပ်တဲ့အခါ အသုံးဝင်မှာဖြစ်လို့ ပိုကောင်းပါတယ်..။





ပထမ မေးခွန်းကို အလွယ်ဖြစ်အောင် ထိပ်ဆုံးက မေးခွန်းတွေကိုပဲ ရွေးယူပြီး အောက်ကပုံလေးတွေ အတိုင်း ဖြည့်ပေးလိုက်ပါတယ်..။


ဒုတိယ မေးခွန်းကိုလည်း အောက်ကပုံလေးအတိုင်း ဖြည့်ပေးလိုက်ပါတယ်..။ ပြီးရင် Next ...


တတိယ မေးခွန်းကိုလည်း အောက်ကပုံလေးအတိုင်း ဖြည့်ပြီး Next နဲ့ ဆက်သွားလိုက်ပါတယ်..။



Gmail တောင်းရင်တော့ မိမိတို့ တခါမှ Apple ID မဖွင့်ဖူးသေးတဲ့ Gmail အကောင့်ကို ထည့်ပေးလိုက် ပါ..။ လိုအပ်ရင် Confirm ပြန်လုပ်ရမှာ ဖြစ်လို့ မိမိတို့အတွက် အသုံးပြုလို့ ရတဲ့ Gmail အကောင့်ဖြစ်ဖို့ လိုပါတယ်..။ အောက်ကအဆင့်တွေကို Next နဲ့ ဆက်သွားလိုက်ပါ..။






ပြီးရင်တော့ အပေါ်နဲ့ အောက်ကပုံလေးတွေ အတိုင်း Agree လုပ်ပေးလိုက်ပါ..။





Creating Account ပြီးရင်တော့ မိမိတို့ရဲ့ iCloud အကောင့်တခုကို ရရှိပါပြီ..။ ပေါ်လာတဲ့ စာသားတွေ ကို ကြည့်ပြီး လိုအပ်ရင်တော့ မိမိတို့ အပေါ်မှာ ထည့်ပေးလိုက်တဲ့ Gmail ကနေ Confirm ပြန်လုပ်ပေး လိုက်ပါ..။ အောက်ကတော့ ကျနော် ဖွင့်ပေးလိုက်လို့ အဆင်ပြေသွားတဲ့ iCloud အကောင့်တွေထဲက တခုကို ဖေါ်ပြပေးလိုက်တာပါ..။ iCloud အကောင့်ရသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်..။ မျှားပြထားတဲ့အတိုင်း အောက်ကို ဆွဲချလိုက်ရင်တော့ Fine my iPhone ဆိုတဲ့ စာသား လေးကို တွေ့ရပါလိမ့်မယ်..။





အပေါ်ပုံအတိုင်း ပိတ်နေတာလေးကို အောက်ကပုံလေးတွေအတိုင်း ON ဖြစ်အောင် လုပ်ပေးလိုက်ပါ..။ Allow ကို ဆက်နှိပ်ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ iDevices တွေ ပျောက်ဆုံးသွားခဲ့ရင် အင်တာ နက်ကနေ လှမ်းပြီး ဘယ်မှာ ရောက်နေလဲဆိုတာကို ထောက်လှမ်းနိုင်သလို ၊ iCloud ရဲ့ Lost Mode and Erase Mode တွေကို အသုံးပြုပြီး မိမိတို့ရဲ့ iDevices တွေကို တခြားလူများ အသုံးပြုလို့ မရအောင် ပိတ်ပစ် သို့မဟုတ် ဖျက်ပစ်လို့ ရသွားပါပြီ..။



ဒီအောက်ကပုံလေးတွေကတော့ မိမိတို့ လက်ရှိ မြန်မာစာ ပေါ်နေတဲ့ iOS ဗါးရှင်းကနေ အလိုလို iOS Update မတက်သွားအောင် Setting ကနေ သွားပိတ်ပေးထားရမယ့် နေရာလေးပဲ ဖြစ်ပါတယ်..။ iPad 2 iOS 7.1.1 နဲ့ ပုံရိုက်ယူပြပေးထားခြင်းပဲ ဖြစ်ပါတယ်..။ iOS 6 အထက်တွေမှာ ဒီလို ပိတ်လို့ မရသေးပဲ iOS 7 အထက်ဗါးရှင်းတွေမှာမှ ဒီလို Update ပိတ်တဲ့ စာသားနေရာလေး ပါတာ ဖြစ်ပါတယ်..။ မြန်မာ စာ ပေါ်ပြီးသားတွေ မပျောက်လိုရင်တော့ ဒီလိုလေး အောက်ကပုံလေးတွေလို Update ပိတ်ပေးထားဖို့ သတိရပါ..။


ON ဖြစ်နေတာကို အောက်ကပုံလေးအတိုင်း OFF လုပ်ပေးလိုက်ပါ..။


iDevices များဖြစ်တဲ့ iPhone ၊ iPad တွေ ကောက်ရခဲ့ရင် ဘာကို အရင်ဆုံး ပြုလုပ်သင့်သလဲ... ၊

တကယ်လို့များ ဒီလို iPhone ၊ iPad တွေ ကောက်တွေ့ခဲ့ရင်တော့၊ မိမိကိုလည်း သူခိုးအဖြစ် စွပ်စွဲမှာ မလိုလားဘူး ဆိုရင်တော့ ကောက်ရ တွေ့တွေ့ချင်း ပါဝါ အရင်ပိတ်ပါ..။ SIM ကတ် ထုတ်ပစ်ပါ..။ အင် တာနက် လုံးဝ မသုံးမိပါစေနဲ့..။ နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြပြီး Pass Code ဖွင့်ပြီး Fine My iPhone ကို ပိတ်ပါ..။ iCloud ကို ရအောင် Remove လုပ်ပစ်ပါ..။ ဒါပေမယ့် ဒီပိုစ့်တင်ပေးတဲ့ အချိန်ထိ iCloud နဲ့ Fine My iPhone ကို Remove လုပ်လို့ မရသေးပါဘူး..။ နောက်မကြာခင်တော့ ရလာမှာပါ..။ အဲ့ဒီအခါကျရင်တော့ Remove လုပ်နည်း ပိုစ့်တွေ ထပ်တင်ပေးပါအုန်းမည်..။ အင်တာနက်နဲ့ iCloud (Fine My iPhone) ချိတ်ဆက်မိရင်တော့ အင်တာနက် မြေပုံကနေ ကိုက်တစ်ရာအတွင် အနီးကပ်ဆုံး နေရာထိ ရှာပြီး လိုက်လာလို့ ရပါတယ်..။ ပြီးရင်တော့ အသံပိတ်ထားလည်းပဲ iCloud ရဲ့ အသံမြည်စေ တဲ့ Call နဲ့ ခေါ်လို့ ရပါတယ်..။ iPhone 5 မှာဆိုရင် ကင်မရာမှ မီးလင်းစေတဲ့ Call နဲ့ပါ ခေါ်ယူလို့ ရပါ တယ်..။ ဒါကြောင့် ကောက်တွေ့တဲ့သူများ ပြန်ပေးဖို့ အခက်အခဲ ရှိတယ်ဆိုရင်တော့ ပါဝါပိတ် SIM ကတ်ထုတ်ပြီးသာ သိမ်းထားလိုက်ပါ..။ ပြန်ပေးဖို့ လွယ်ကူတယ်ဆိုရင်တော့ Lost Mode မှာ ပေါ်နေတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး မုန့်ဖိုးတောင်း ပြန်ပေးလိုက်ရင်လည်း နှစ်ဖက်စလုံး အဆင်ပြေစေတဲ့ နည်း လမ်းလေးပါပဲ..။ 

ဒီနိုင်ငံမှာတော့ ဒီနိုင်ငံသားတွေက ဖုန်းပြန်ပေးလိုက်ရင်၊ သို့မဟုတ် ပိုက်ဆံအိပ် ကောက်ရလို့ ပြန်ပေး လိုက်ရင် မုန့်ဖိုးပေးဖို့ နေနေသာသာ၊ Thanks ဆိုတဲ့ စကားလေးတစ်ခွန်းတောင် မပြောတတ်တဲ့အပြင် ကျနော်တို့လို နိုင်ငံခြားသား မြန်မာတွေကို အထင်သေးတတ်တဲ့အတွက် သူခိုးလို့ မစွပ်စွဲရင်ကိုပဲ ကျနော် တို့က သူတို့ကို ပြန်ပြီး ကျေးဇူးပြန်တင်ရမယ့် အနေအထားပါ..။ ဒါကြောင့် နိုင်ငံအနေအထား လူမျိုးအနေ အထားကို ကြည့်ပြီး (ကိုယ်ရှူးကိုယ်ပါတ် ၊ စေတနာ စောက်တလွဲ မဖြစ်ရအောင်..) မိမိတို့ ရောက်ရှိနေ တဲ့ နိုင်ငံအလိုက် ပြန်ပေးသင့်၊ မပေးသင့် စဉ်းစား ချင့်ချိန်ပြီး ပြုလုပ်သင့်ပါကြောင်း...။

ကြုံကြိုက်ခဲ့ရင်တော့ နောက်ပိုင်း ကွန်ပျူတာမှ iCloud ကို အသုံးပြုပြီး iDevices များ ရှာတတ်၊ ဆက်သွယ် တတ်အောင်နှင့် Lost Mode and Erase Mode တွေကနေ ဖုန်းတွေကို ပိတ်တတ်၊ ဖျက်တတ်အောင် ပိုစ့်များ ဆက်လက် တင်ပေးပါအုန်းမည်..။


Credit; လွင်မင်းဗိုလ်
lwinminbo.blogspot.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...