iOS တွင် ဝက်ဘ်စာမျက်နှာ တစ်ခုကို Home Screen App တစ်ခုအဖြစ် အသုံးပြုခြင်း



iOS တွင် home screen ပေါ်၌ website တစ်ခုကို icon တစ်ခုအနေဖြင့် bookmark လုပ်ပြီး ထည့်သွင်း သိမ်းဆည်း ထားနိုင်သည်။ Bookmark icon သည် app icon နှင့် တူညီပြီး သုံးစွဲသူမှ icon ကို နှိပ်လိုက် သည်နှင့် bookmark လုပ်ထားသည့် ဝက်ဘ်ဆိုက်ကို Safari က ဖွင့်ပေးမည် ဖြစ်သည်။

ဒီနည်းလမ်းကို နှစ်သက်ရာ ဝက်ဘ်ဆိုက်များအား အလျင်အမြန် အသုံးပြုလိုသည့်အခါ သုံးစွဲနိုင်ပြီး ၎င်းကို iPhone ရော iPad တွင်ပါ အသုံးပြုနိုင်သည်။ ပြုလုပ်ပုံက အောက်ပါအတိုင်းဖြစ်သည်။

(၁) Home Screen မှ Safari ကို ဖွင့်ပါ။ Safari တွင် home screen ပေါ်၌ bookmark အနေဖြင့် သိမ်းဆည်း ထားလိုသည့် ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ပါ။



(၂) ပြီးလျှင် အောက်ဖော်ပြပါ အတိုင်း “Action” ခလုတ်ကိုနှိပ်ပါ။



(၃) ပေါ်လာသည့် pop-up menu တွင် “Add To Home Screen” option ကိုရွေးပါ။



(၄) Bookmark အမည်ကို ပြောင်းပါ။ ပြီးလျှင် “Add” ခလုတ်ကိုနှိပ်ပါ။



(၅) Home screen တွင် app များ၏ဘေး၌ ဝက်ဘ်ဆိုက် bookmark ပေါ်လာမည်ဖြစ်သည်။



အခြားသော ဆိုက်များကို အထက်ပါနည်းအတိုင်း သိမ်းဆည်းသည့်အခါ မတူညီသည့် icon များဖြင့် တွေ့မြင်ရမည် ဖြစ်သည်။ ၎င်း icon များကို ဖျက်ပစ်လိုသည့်အခါ icon ကိုနှိပ်ကာ ဖိထားပြီး ပေါ်လာ သည့် “x” ခလုတ်ကို နှိပ်ခြင်းဖြင့် ဖျက်နိုင်သည်။


Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...