Nike က FuelBand Fitness Tracker အတွက် Android App ပြုလုပ်ပေး



Nike က FuelBand Fitness Tracker ကို ၂၀၁၂ ခုနှစ်တွင် စတင်ရောင်းချစဉ်က iOS App ကိုသာပြု လုပ်ပေးခဲ့သည့်အတွက် ကိုယ်လက်လှုပ်ရှားမှုတိုင်းတာပေးသည့် ကျန်းမာရေး အထောက်အကူပြု ကိရိယာကို iOS Device များနှင့်သာ တွဲဖက်အသုံးပြုနိုင်ပါသည်။ ယခုမူ FuelBand Fitness Tracker စတင်ရောင်းချအပြီး နှစ်နှစ်အကြာတွင် Android App ကို ပြုလုပ်ပေးလိုက်ပါသည်။ Android App တွင် iOS App ၏ စွမ်းဆောင်ချက်အားလုံးနီးပါး ပါရှိမည်ဖြစ်သည်။ အသုံးပြုသူများသည် ကိုယ်လက်လှုပ်ရှား မှုများ နှင့် NikeFuel တို့ကို တိုင်းတာနိုင်ပြီး သတင်းအချက်အလက်များကို Nike+ သို့ Upload ပြုလုပ်နိုင် ပါသည်။

သို့သော် Android App တွင် ကန့်သတ်ချက်များရှိပြီး နောက်ဆုံးထုတ် FuelBand SE နှင့်သာ တွဲဖက် အလုပ်လုပ်နိုင်ပါသည်။ ထို့အပြင် App ကို Android 4.3 နှင့် သူ့အထက် Operating System များတွင် သာ အသုံးပြုနိုင်ပါသည်။ App ကို Galaxy S5, S4, S3, Nexus 5, HTC One, Moto X စသည့် စမတ် ဖုန်းများတွင် အသုံးပြုလျှင်လွန်စွာကောင်းမွန်သည်ဟု Nike က ပြောပါသည်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...