နည်းပညာမြင့် စမတ် သော့ခလောက် Skylock


သူခိုးရန်က သတိပေး လှုပ်ဆော် မူတွေနဲ့ ကာကွယ်ပေးမဲ့ စက်ဘီး စမတ်သော့ ခလောက်တွေ အများကြီး ရှိပေမဲ့လည်း ယခုဖော်ပြမဲ့ Skylock လိုခေါ်တဲ့ စမတ် သော့ခလောက်လေးက ပိုပြီး စိတ်ဝင်စား စရာပါ။ ဖုန်းကနေ App မှ တစ်ဆင့် လော့ အပိတ်အဖွင့်တွေကို လုပ်ပေးနိင်ပြီး အားသွင်း စရာမလို နေရောင်ခြည် တစ်နာရီလောက် ထိတွေ့လိုက်တာနဲ့ (၁) ပတ်လောက် သုံး နိင်တဲ့ သော့ တစ်မျိုးပါ။

စက်ဘီးနဲ့ မတော်တဆ တစ်ခုခု ဖြစ်ရင်တာင် ဖုန်းထဲက app မှာ အရေးပေါ်ကို ဆက်သွယ်ပေးနိင်တဲ့ အမေး အဖြေတွေ ပြုလုပ်ပေးထား ပါတယ်။ ဖုန်းကနေတစ်ဆင့် ထိုသော့ခလောက် ပါရှိတဲ့ စက်ဘီးကို အသုံးပြုဖို့ရာ အခြားသူများကို လော့ ဖွင့်ပေးနိင်ပါတယ်။

ကိုယ်စက်ဘီးနားကို တစ်ယောက်ယောက်က လာဖွင့် လာပြီး လူပ်ရှားစေရင် ခိုးမူတွေ မဖြစ်စေအောင် ကာကွယ်ပေးတဲ့ သတိပေးမူတွေ ပါဝင်ပါတယ်။ ၂၀၁၅ အစောပိုင်းမှာ ရောင်းချနိင်ဖို့ မျှော်လင့်လျက် ကနဦးဈေးမှာ $ 159 ရှိပါလိမ့်မယ်။


အောင်ဟိန်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...