တက္ကသိုလ်အားလုံး ပေါင်းစည်းရေး UNESCO နှင့် နိုင်ငံတကာ တက္ကသိုလ်များ ကူညီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ဝန်ကြီးဌာနအသီးသီးအောက် ရောက်ရှိနေသော အဆင့်မြင့်ပညာ တက္ကသိုလ်အားလုံး ပေါင်းစည်းရေး အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့် ပြည်ပတက္ကသိုလ် လေးခုမှ ပညာရှင်တို့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သော တက္ကသိုလ်များ ပေါင်းစည်းရေး ညှိနှိုင်းပွဲတွင် နည်းပညာဆိုင်ရာ အကြံဉာဏ်များ ကူညီခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ထံမှ သိရသည်။
နိုင်ငံတကာ အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အဆိုပါ ပညာရှင်များက ပညာရေး ဝန်ကြီးဌာနနှင့် ပါမောက္ခချုပ် များထံ ရှင်းလင်း တင်ပြခဲ့ကြောင်း၊ အာရှနှင့် ပစိဖိတ်ဒေသတွင်း ပညာရေးတာဝန်ခံ ကလည်း တောင်ကိုရီးယား နိုင်ငံ၏ အဆင့်မြင့်ပညာရေး ပြောင်းလဲမှုနှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့ကြောင်း ယင်းညှိနှိုင်းပွဲ တက်ရောက်သူများက ပြောဆိုသည်။
တက်ရောက် ဆွေးနွေးသူများတွင် ဗြိတိန်နိုင်ငံ Nottingham တက္ကသိုလ်၊ ထိုင်းနိုင်ငံ Naresuan တက္ကသိုလ်၊ ဟောင်ကောင်တက္ကသိုလ်နှင့် မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာန တို့က တက္ကသိုလ်များ ပေါင်းစည်းရေးအတွက် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ၄င်းတို့က ပြောကြားသည်။
"လွတ်လပ်တဲ့ တက္ကသိုလ်တွေ ဖြစ်လာရင် ဘယ်လိုစီမံခန့်ခွဲမလဲလို့ ဒီအစည်းအဝေးက ဆွေးနွေးတာ" ဟု သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောဆိုသည်။
အဆင့်မြင့်ပညာ တက္ကသိုလ်များကို ဝန်ကြီးဌာနများမှ ခွဲထုတ်ပြီး သီးခြား တက္ကသိုလ်အဖြစ် ရပ်တည်ရန် အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေ သည့်အပေါ် UNESCO နှင့် နိုင်ငံတကာ တက္ကသိုလ်များက ကူညီခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာန ၁၃ ခု လက်အောက်ရှိ တက္ကသိုလ်ကောလိပ် ၁၆၈ ခုကို သီးခြား ခွဲထွက်ပြီး လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပြုရန် အချိန်ယူ စီစဉ်ရမည်ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြား သည်။
အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့ပြီး ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
The Voice Daily
25.2.2014
- (အရှေ့သို့) ဆုံးမမႈေတြ မှန်စေချင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မြန်မာနိုင်ငံတွင် ပထမဆုံး ပိုလီတက္ကနစ်တက္ကသိုလ် တည်ထောင်မည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'