Ubuntu Terminal ထဲတွင် Classic Snake Game ကို ထည့်သွင်းခြင်း



Ubuntu OS အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ Terminal ထဲကနေ Classic Snake Game ဆိုတဲ့ ဂိမ်းကို ထည့်သွင်း ဆော့ကစား ချင်တယ်ဆိုရင် အောက်ပါအတိုင်း အလွယ်တကူနဲ့ ထည့်သွင်း ဆော့ကစားနိုင် မှာ ဖြစ်ပါတယ်။ Terminal ထဲမှာ ဆော့ကစားရတဲ့ ဂိမ်းအမျိုးအစားဖြစ်လို့ ရုပ်ထွက်ပိုင်းတွေကို ဦးစားပေး ထားခြင်းရှိမှာ မဟုတ်ပါဘူး။

Classic Snake Game ကို Install ပြုလုပ်ဖို့အတွက် Ubuntu OS ပေါ်မှာ ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ၊ Upgrade တွေပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့အရင် Package တွေကို Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ် ပြီးပြီဆိုရင်တော့ sudo apt-get Upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Terminal ကနေ Classic Snake Game တွေကို ဆော့ကစားဖို့အတွက် ဖော်ပြပါ Command ကို Terminal ကနေ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install nsnake 

sudo apt-get install libncurses5-dev

ဆိုတဲ့ Command ကို အသုံးပြုပြီး ထည့်သွင်းသွားရမှာ ဖြစ်ပါတယ်။ ဒီ Package တွေဟာ ဖိုင်ဆိုက် အရမ်းသေးငယ်တာကြောင့် Download ပြုလုပ်တဲ့ အခါမှာလည်း အချိန်ခဏအတွင်းမှာပင် ပြီးစီးသွား မှာဖြစ်ပါတယ်။

Classic Snake Game ကို ထည့်သွင်းပြီးသွားပြီဆိုရင် Terminal ကနေ Classic Snake Game ကို ဆော့ကစားဖို့အတွက် "nsnake" ဆိုတဲ့ Command ကို ထည့်သွင်းပြီး စတင်ဆော့ကစားနိုင်မှာ ဖြစ်ပါ တယ်။ ဒီဂိမ်းဟာ Ubuntu 14.04 မှာလည်း အလုပ်လုပ်ဆောင်နိုင်တာကြောင့် Ubuntu 14.04 အသုံးပြု တဲ့သူတွေအနေနဲ့လည်း ထည့်သွင်းဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။


သီဟ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၄) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...