အင်္ဂလန်နိုင်ငံရှိ University of Leeds မှ ပေးအပ်မည့် ပညာသင်ဆု



၂၀၁၄ ခုနှစ် ပညာသင်နှစ်တွင် လက်တွေ့အသုံးချပညာနှင့် ကိုယ်ကျင့် တရားဆိုင်ရာ ပညာရပ်များ၌ မဟာဘွဲ့ တက်ရောက်ခွင့်ရရှိ သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလန်နိုင်ငံရှိ University of Leeds မှ ပညာသင်ဆု ပေးအပ်ချီးမြှင့်ပေး မည်ဖြစ်သည်။

နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများသည် မဟာဘွဲ့အပြင် ဘွဲ့လွန် ဒီပလိုမာတန်းများအတွက် လည်း လျှောက်ထားနိုင်ပြီး အချိန်ပိုင်း တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း လျှောက်ထားခွင့်ရှိသည်။ မဟာဘွဲ့အတွက် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား ပညာ အရည် အချင်းပေါ်မူတည်၍ ပညာသင်ဆု ထောက်ပံ့ပေးမည်ဖြစ်သည်။ အင်္ဂလန်နိုင်ငံရှိ University of Leeds တွင် လက်တွေ့ အသုံးချပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပညာရပ်များအား လေ့လာရ မည်ဖြစ် ပြီး မဟာဘွဲ့ အတွက် ဆက်လက်လေ့လာရမည်ဖြစ်သည်။ လက်တွေ့အသုံးချပညာနှင့် ကိုယ်ကျင့်တရား ဆိုင်ရာ ပညာရပ် နယ်ပယ်များတွင် မဟာဘွဲ့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့လွန်ဒီပလိုမာ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများသည် အရည်အချင်း ပြည့်မီရ မည်ဖြစ် ပြီး နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားခွင့်ရှိသည်။

ပညာသင်ဆုအား လျှောက်ထားသူ၏ လျှောက်လွှာ၊ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများနှင့် ပညာ အရည်အချင်းပေါ် မူတည်၍ ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ဝင်ခွင့်ဖြေဆိုရမည်ဖြစ်သည်။

ပညာသင်ဆုငွေအား လျှောက်ထားလိုသူ မည်သူမဆို မိမိလေ့လာမည့်ဘာသာရပ်နှင့် သက်ဆိုင်သည့် လျှောက်လွှာကို ပထမဆုံးဖြည့်စွက်ရ မည် ဖြစ်သည်။ IDEA ပညာသင်ဆု (သို့) ပညာသင်ဆုငွေကို လျှောက်ထားလိုသူများသည် တက္ကသိုလ်နှင့် ပတ်သက်သည့် အွန်လိုင်းမှ လျှောက်လွှာ ပုံစံတွင် ဖြည့်စွက် ရမည်ဖြစ်သည့်အပြင် သီးခြားငွေကြေးထောက်ခံမှုဆိုင်ရာ လျှောက်လွှာများကိုလည်း ဖြည့်စွက်ရမည် ဖြစ်သည်။

အဆိုပါ လျှောက်လွှာပုံစံကို ieaprof-at-leeds-ac-uk သို့ အီးမေးလ်နှင့်ပေးပို့ ရမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်တွင် နောက်ဆုံးပေး ပို့ လျှောက်ထားရမည် ဖြစ်သည်။

University of Leeds သည် ပညာရည်ချွန်ဆုများ ချီးမြှင့်ဖို့အတွက် ငွေကြေးထောက်ပံ့မှုပိုင်းဆိုင်ရာတွင် အာခံချက် အပြည့်အဝရှိထားသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ ပညာသင်နှစ်အတွင်းတွင် ကုန်ကျမည့် ပညာသင်စရိတ်ကို များသောအားဖြင့် တစ်ဝက်ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်ခါတစ်ရံမှသာ အပြည့်အဝ ထောက်ပံ့ပေးမည်ဖြစ်သည်။ သင်တန်းကို ၂ နှစ်ကျော် တက်ရောက်၍ အချိန်ပိုင်းသင်တန်းများသည် ပထမနှစ် ပညာသင်နှစ်အဆုံးတွင် ပညာရည်ချွန်ထူးချွန်ဆုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ရမည် ဖြစ်သည်။

ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းနိုင်မည့် ဝက်ဘ်ဆိုက်လိပ်စာ

http://scholarship.positions.com


Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၄) 
------------------------------------------------- 
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...