စစ်မှန်တဲ့ အချစ်ပဲလား...ဒါမှမဟုတ်....?
ဗီယက်နမ်နိုင်ငံက ထူးဆန်းတဲ့ သတင်းတပုဒ်ပါ.....လီဗန် ဆိုတဲ့ အမျိုးသားတယောက်ဟာ
သေဆုံးသွားပြီဖြစ်တဲ့ သူ့ဇနီးအလောင်းကို နေအိမ်ရှိ ရုပ်ထုထဲမှာထည့်ပြီးတော့ ၅ နှစ်လုံးလုံး
ဇနီးအဖြစ် ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့ပါတယ်....သူအလွန်ချစ်တဲ့ ဇနီးတစ်ယောက်ဆုံးရှုံးသွားတဲ့အတွက် ဘယ်လိုမှနေထိုင်လို့မရဖြစ်ခဲ့တယ်လို့ ဆိုပါတယ်....
အဲဒါကြောင့် ဇနီးကိုမြုပ်နှံထားတဲ့နေရာကိုသွားပြီး အလောင်းကို တူးဖော်ခဲ့ပါတယ်....အဲဒီနောက် အလောင်းကို အိမ်ကိုပြန်ယူလာပြီး ရုပ်ထုထဲထည့်ကာ ဇနီးအဖြစ် ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့တာပါ...
ဒေသခံအာဏာပိုင်တွေကလည်း အလောင်းကို ပြန်ပြီးမြုပ်နှံဘို့ သူကိုဖျောင်းဖျခဲ့ပေမဲ့
မရခဲ့ဘူးလို့ဆိုပါတယ်....အချစ်စစ်အချစ်မှန်ဆိုတာ ဒါကိုပြောတာလားမသိ....
ကိုးကား....Vietnamnet
http://lwanmapyay.blogspot.com/