သနားစရာ သစ်ပင်လူသား....
အင်ဒိုနီးရှားနိုင်ငံက အသက် (၃၅)နှစ်အရွယ် တံငါသမား ဒီးဒီး ဆိုသူပါ....Human papillomavirus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ခန္ဒာကိုယ်တစ်ခုလုံး ကြွက်နို့လိုလို၊ အသားမာလိုလို အချောင်းအမျှင်တွေ ထွက်ပေါ်လာတာပါ..... သူ ဆယ်ကျော်သက်အရွယ်တုန်းက မတော်တဆဖြစ်တဲ့ ဒူးခေါင်း ဒဏ်ရကနေပြီး စတင်ဖြစ်ပွားလာတာကို သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်.... အဲဒီလို ခန္ဒာကိုယ်တစ်ခုလုံး ပျံ့နှံ့လာပြီးတဲ့နောက်မှာ... အလုပ်လည်းပြုတ်...ဇနီးကလည်း စွန့်ခွာ... ပတ်ဝန်းကျင်ရဲ့ ရှောင်ဖယ်ခြင်းကိုလည်း ခံခဲ့ရပါတယ်..... သူဟာ ကလေး ၂ ယောက် ဖခင်တစ်ဦးပါ.... သူ့ရောဂါအခြေအနေနဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြားဖြစ်လာပြီးတဲ့နောက်မှာ နိုင်ငံထဲက စေတနာရှင်တွေအပါအ၀င် အစိုးရရဲ့ ငွေကြေးအကူအညီတွေနဲ့ ဆေးဝါးကုသမှု ခံယူခဲ့ပါတယ်.... ၂၀၀၈ ခုနှစ်မှာ သူ့ခန္ဒာကိုယ်မှာ ထွက်နေတဲ့ အချောင်းအမျှင် (၆)ကီလိုကို ခွဲစိတ်ဖယ်ရှားပစ်ခဲ့ပါတယ်....
chilloutpoint/AP/internet