လျှပ်စစ်မီးမလိုတဲ့ သဘာဝရေခဲသေတ္တာ....
အာဖရိကန်က မိုဟာမက်အဘာ ဆိုသူဟာ လျှပ်စစ်မီးမလိုပဲ သဘာဝအလျောက် သုံးလို့ရတဲ့ ရေခဲသေတ္တာကို ထွင်ခဲ့ပါတယ်... အဲဒီတီထွင်မှုအတွက်တဲ့ Rolex Award က ချီးမြှင့်တဲ့ ဒေါ်လာ(၁၀၀,၀၀၀)တန်ဆုကို ရရှိခဲ့ပါတယ်.... အင်မတန်မှ ရိုးရှင်းတဲ့ ရေခဲသေတ္တာ လုပ်နည်းပါ.... ပုံမှာတွေ့တဲ့အတိုင်း မြေအိုးငယ်တစ်လုံးကို မြေအိုးကြီးတစ်လုံးထဲကို ထည့်လိုက်တယ်....
အိုးနှစ်လုံးအကြားမှာရှိတဲ့ လေဟာနယ်ထဲကို သဲအစိုတွေ ဖြည့်ထည့်လိုက်တယ်....ပြီးရင် အအေးဓါတ်လိုတဲ့ စားစရာတွေ အသီးအရွက်တွေကို အိုထဲထည့်ပြီးတော့ အပေါ်က အ၀တ်အစိုနဲ့ အုပ်ထားလိုက်တယ်....ရေငွေ့ပျံတဲ့အချိန်မှာ အထဲက အပူတွေကို စုပ်ထုတ်သွားပြီး... အထဲမှာ အအေးဓါတ်ဖြစ်ပေါ်လာတယ်....15-20 စင်တီဂရိတ်ဝန်းကျင်အောက်လောက်အထိ အေးတယ်ဆိုပဲ.... ရာသီဥတုပူပြင်းခြောက်သွေ့တဲ့ေ နရာတွေအတွက် သင့်တော်ပါတယ်.... ကဲ...ဒါဆိုရင်... မီးမရှိတဲ့နေရာတွေ မီးရှိပြီးတော့ မီးမလာတဲ့နေရာတွေမှာ ရေခဲသေတ္တာအတွက် စိတ်သော ကရောက်စရာ မလိုတော့ဘူးပေါ့......
internet/http://lwanmapyay.blogspot.com