အမေရိကန်ရှိ အိုးမဲ့အိမ်မဲ့များ.....
အမေရိကန်လို ချမ်းသာတဲ့နိုင်ငံတွေမှာတောင် ဆင်းရဲသားတွေ၊ အိုးမဲ့အိမ်မဲ့တွေ အတော်များပါတယ်….၂၀၁၀ စစ်တမ်းတွေအရ တနိုင်ငံလုံးမှာရှိတဲ့ လူဦးရေရဲ့ ၁၄.၃ ရာခိုင်နှုန်းဟာ ဆင်းရဲသားတွေဖြစ်တယ် လို့ ဆိုပါတယ်….
ဆင်းရဲမွဲတေတဲ့သူအရေအတွက်ဟာ ၂၀၀၉ ခုနှစ်မှာ ၄၃.၆ သန်းရှိပြီး…၂၀၀၈ ခုနှစ် ဆင်ရဲသားအရေအတွက် ၃၉.၈ သန်းနဲ့ နှိုင်းယှဉ်လိုက်လျှင် ပိုပြီးများပြားလာကို တွေ့ရပါတယ်….
အဲဒီဆင်းရမွဲတေမှုတွေဟာ နိုင်ငံအတွင်းမှာ လူတန်းစားအလိုက် ဖြစ်ပေါ်နေပါတယ်…. ဥပမာ..တရားဝင်လက်ထပ်ထားတဲ့ မိသားစုတွေမှာဆိုရင် ဆင်းရဲမွဲတေတဲ့အရေအတွက်ဟာ ၂၀၀၈ ခုနှစ်မှာ ၃.၃ သန်းရှိပြီး…၂၀၀၉ ခုနှစ်မှာ ၃.၄ သန်းရှိပါတယ်…ခင်ပွန်းအမျိုးသားမရှိတဲ့ အိမ်ထောင်စု(ဥပမာ..မုဆိုးမ၊ တခုလတ်) တွေမှာဆိုရင် ဆင်းရဲတဲ့အရေအတွက်ဟာ ၂၀၀၈ ခုနှစ်မှာ ၄.၂ သန်းရှိပြီး….၂၀၀၉ ခုနှစ်မှာတော့ ၄.၄ သန်းရှိပါတယ်….ဇနီးမယားမရှိတဲ့ အိမ်ထောင်စု(ဥပမာ..မုဆိုးဖို၊ တခုလတ်) တွေမှာ ဆိုရင်လည်း ၂၀၀၈ ခုနှစ်မှာ အရေအတွက် ၇၂၃,၀၀၀ ဦးရေရှိပြီး…၂၀၀၉ ခုနှစ်မှာ ၉၄၂,၀၀၀ ဦးရေ ရှိတယ်လို့ ဆိုပါတယ်….
အဲဒီလို ဆင်းသားတွေများလာတာနဲ့အမျှ အိုးမဲ့အိမ်မဲ့တွေဖြစ်ဖို့ အလားအလာတွေလည်း များလာပါတယ်….အမေရိကန်နိုင်ငံ အိုးအိမ်ဆောက်လုပ်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးဌာနရဲ့အဆိုအရ ၂၀၀၉ ဇန်န၀ါရီလကစပြီး နိုင်ငံအတွင်း အိုးမဲ့အိမ်မဲ့ ဦးရေ ၆၄၃,၀၆၇ ဦး ရှိတယ်လို့ ဆိုပါတယ်…
ကိုးကား...wikipedia, good-works.net