iPad 2 နဲ့ iPhone အတွက် ကျောက်ကပ်ထုတ်ရောင်းသူ လူငယ်လေး....



ကမ္ဘာပေါ်မှာ အိုင်တီနည်းပညာအသုံးအဆောင်ပစ္စည်းတွေ တနေ့တခြားတိုးတက်လာနေတာဟာ လူတွေအတွက် ကောင်းကျိုးတွေဖြစ်စေသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်....

ချမ်းသာပြီး ငွေကြေးတတ်နိုင်တဲ့ လူတွေကတော့ iPhone, iPad, iPod, Mac, စတဲ့ အိုင်တီပစ္စည်းတွေကို စိတ်ကြိုက်ဝယ်ယူပြီး ထည်လဲသုံးနိုင်ပေမဲ့....ငွေကြေးမတတ်နိုင်တဲ့ လူတွေအတွက်ကတော့ စိတ်ကူးယဉ် အိပ်မက်တစ်ခုပါ....

တချို့ကလည်း အဲဒီအိပ်မက်တွေကို နည်းမှန်လမ်းမှန်နဲ့ အကောင်းအထည်မဖော်ခဲ့ကြပါဘူး... အထူးသဖြင့်တော့ အဆန်းအပြားတွေကို အရှုးအမူးဖြစ်တတ်တဲ့ လူငယ်ပိုင်းတွေပါ...

တရုတ်နိုင်ငံက ၁၇ နှစ်အရွယ် လူငယ်တယောက်ကတော့ Apple က ထုတ်တဲ့ အိုင်တီပစ္စည်းတွေကို အရှုးအမူးဖြစ်ခဲ့ပါတယ်....၀ယ်ဖို့အတွက်လည်း ငွေကြေးမတတ်နိုင်ခဲ့ပါဘူး...

တနေ့မှာ ကျောက်ကပ်ဝယ်တဲ့ ပွဲစားနဲ့တွေ့ပြီး သူ့ရဲ့ညာဘက်ခြမ်းက ကျောက်ကပ်ကို ဒ်ါလာ(၃,၉၀၀)နဲ့ ထုတ်ရောင်းခဲ့ပါတယ်...တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ခရိုင်မှာရှိတဲ့ တိုက်နယ်ဆေးရုံတခုကို ပွဲစားနဲ့လိုက်သွားပြီး ထုတ်ရောင်းခဲ့တာပါ...

ကျောက်ကပ်ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ iPad 2 အသစ်တလုံးနဲ့ iPhone အသစ်တလုံးဝယ်ပြီး အိမ်ကို ပြန်လာခဲ့တယ်....သူရဲ့မိဘတွေက ၀ယ်လာတဲ့တန်ဖိုးကြီးပစ္စည်းတွေကို တွေ့ပြီး ငွေတွေဘယ်ကရလဲလို့ မေးတော့ သူမပြောခဲ့ပါဘူး....နောက်ဆုံးတော့မှ သူရဲ့ကျောက်ကပ်ကို ထုတ်ရောင်းပြီး ၀ယ်လာခဲ့တယ်ဆိုတာကို ၀န်ခံခဲ့ပါတယ်....

အဖြစ်မှန်ကို သိရှိသွားတဲ့ မိဘတွေဟာ သူတို့ရဲ့သား ကျောက်ကပ်ကို ၀ယ်ယူသွားတဲ့ နေရာတွေ... ပွဲစားတွေကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းတွေပိတ်ထားတဲ့အတွက်ကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး...

ကျောက်ကပ်တခြမ်းမရှိတော့တဲ့ လူငယ်လေးရဲ့ ကျန်းမာရေးဟာလည်း တနေ့တခြား ပိုးမိုဆိုးရွား လာနေပါတယ်.... မိဘတွေကလည်း သူတို့သားငယ်ကို ဒုက္ခိတဖြစ်အောင် ကျောက်ကပ်ထုတ်ယူသွားတဲ့ လူတွေကို ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်ပါတယ်....

ကဲ....ဒါဆိုရင်...အိုင်တီအသစ်အဆန်းတွေကို အရှုးအမူးဖြစ်တဲ့ လူငယ်တွေကိုပဲ အပြစ်တင်ရမလား.... ဒါမှမဟုတ်... Apple က Steve Jobs ကိုပဲ အပြစ်တင်ရတော့မလား...မသိတော့ပါ...။

ခွဲစိတ်ထားတဲ့နေရာ...



ကျောက်ကပ်ထုတ်ရောင်းခဲ့တဲ့ လူငယ်လေးနဲ့ မိဘဆွေမျိုးတွေ...



ကိုးကား...qatarliving.com, sspk.info

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...