နိုင်ငံအတွင်း ပညာရေးလှုပ်ရှားသည့် အဖွဲ့ပေါင်း ၂၀၀ ကျော်ရှိ



မြန်မာနိုင်ငံတွင် ပညာရေးလုပ်ငန်းများ၌ ပါဝင်လှုပ်ရှားနေကြသော အဖွဲ့အစည်းပေါင်း ၂၂၄ ဖွဲ့ရှိနေပြီး ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုအများဆုံး ဆောင်ရွက်နေကြကြောင်း ဘက်စုံလွှမ်းခြုံ နိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး အစီရင်ခံစာအရ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများပူးတွဲ၍ လူမှုရေးနှင့် ပညာရေးဝန် ဆောင်မှု အထောက်အပံ့ပေးမှု ခေတ်စားလာနေပြီး ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးတွင် နာဂစ်မုန် တိုင်းကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် စာသင်ကျောင်း ၆၀ ရာခိုင်နှုန်း ဆုံးရှုံးပြီးနောက်ပိုင်း ပိုမိုကျယ်ပြန့်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းနှင့်နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပညာရေးနယ်ပယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများမှ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျောင်းပြင်ပ ပညာရေးလုပ်ငန်း၊ အရည်အသွေးရှိ အခြေခံပညာရေး၊ ကျောင်းပညာရေးလုပ်ငန်းနှင့် အာဟာရပညာရေးလုပ်ငန်းတို့ ဖြစ်ကြောင်း အထက်ပါစာတမ်းတွင် ဖော်ပြထားသည်။

ပညာရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သူများကို လေ့လာဆန်းစစ်ရာတွင် နိုင်ငံတကာအဖွဲ့အစည်း များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကိုယ်ပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဘာသာ ရေးအသင်းအဖွဲ့များ၊ မိဘ၊ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများ၊ ရွေးချယ်ခံ အဖွဲ့အစည်းများ စသည်ဖြင့် နယ်ပယ်ကျယ်ပြန့်လျက်ရှိကြောင်း သိရသည်။

7Day News Journal
Vol.12, No.29, SEP-25, 2013

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...