အွန်လိုင်းကြောင့် ဦးနှောက်ဝန်ပိခြင်း မဖြစ်စေရန်



အိမ်ထာင်ဖက်နဲ့အတူ လမ်းလျှောက်ရင်း လက်ကိုင်ဖုန်းကို လက်ထဲမှာ ဆုတ်ကိုင်ထားမိနေသလား။ ကလေးကို ရေချိုးပေးရင်း ဖုန်းအီးမေးထဲကလာတဲ့စာကို (Text Message) တွေကို ဖိတ်နေမိသလား။ တခြားလုပ်စရာ အလုပ်တွေ မပြီးသေးဘဲ ဖြစ်နေရင်တောင် အီးမေးကို စစ်ဆေးဖို့ အလျင်စလို ဖြစ်နေသလား။ ဒါဆိုရင်တော့ သင်ဟာ အွန်လိုင်းကြောင့် ဦးနှောက်ဝန်ပိတာမျိုး ဖြစ်နေနိုင်ပါတယ်။ အင်တာနက်သုံးတာကြောင့် ဦးနှောက်ကို အဆက်မပြတ်လူံ့ဆော်မူ ဖြစ်နိုင်ပါတယ်။ အဲဒီအခါ ကလေးတွေနဲ့ ကစားတာ၊ ဥယျာဉ်စိုက်ပျိုးတာ စတဲ့ ကိုယ်လက်လူပ်ရှားမူရပြီး မမေ့နိုင်စရာအမှတ်တရဖြစ်စေနိုင်တဲ့ အပြုအမူတွေနဲ့ လွဲချော်သွားနိုင်ပါတယ်။ ဒါကြောင့် အွန်လိုင်းကြောင့် ဦးနှောက်ဝန်ပိတာမျိုး မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။

1) အွန်လိုင်းသုံးချိန်ကို မှတ်ထားပါ
သင့်အနေနဲ့ တစ်နေ့မှာ အွန်လိုင်းသုံးချိန် ဘယ်လောက်များများ ရှိသလဲဆိုတာကို မှတ်ထားသင့်ပါတယ်။ ကွန်ပျူတာမသုံးခင်နဲ့ သုံးနေဆဲအချိန်တွေမှာ သင် ဘယ်လိုခံစားရသလဲ ဆိုတာကို မှတ်ထားပါ။ လူအများစုဟာ ပျင်းရိတဲ့အခါ၊ အထီးကျန်တဲ့အခါနဲ့ ပူပင်သောကများတဲ့အခါတွေမှာ အွန်လိုင်း သုံးတတ်ကြပါတယ်။

2) အင်တာနက်အချိန်ကို ကန့်သတ်ထားရှိပါ
အင်တာနက်အသုံးပြုချိန်ကို ကန့်သတ်ထားပါ။ ဆိုလိုတာက အီးမေးတွေဖတ်ဖို့၊ လိုအပ်ရင် စာပြန်ဖို့၊ facebook စာမျက်နှာကို ပြင်ဆင်ဖို့အတွက် အချိန်တစ်နာရီလောက် ပေးတာမျိုး ဖြစ်ပါတယ်။ အချိန်စေ့သွားရင်တော့ ကွန်ပျူတာကို ပိတ်လိုက်ပါ။ လက်ကိုင်ဖုန်းနဲ့ အွန်လိုင်းဝင်နေရင်း Offline လုပ်လိုက်ပါ။

3) သဘာဝပတ်ဝန်းကျင်ကို ခံစားပါ
အင်တာနက်နဲ့ပဲ အချိန်ကုန်နေရင် သဘာဝ ပတ်ဝန်းကျင်ရဲ့ သာယာလှပမူတွေနဲ့ ကင်းဝေးရပါလိမ့်မယ်။ ဒါကြောင့် သင့်အနီးအနား ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ပါ။ သဘာဝရူခင်းတွေကို ခံစားရင်း စိတ်ကြည်နူးမူရယူကာ ဦးနှောက်ကို အနားပေးပါ။

4) ညမှာ လက်ကိုင်ဖုန်းနှင့် အင်တာနက် ပိတ်ပြီး အိပ်ပါ
မအိပ်ခင်မှာ လက်ကိုင်ဖုန်း၊ အင်တာနက်စတာတွေကို ပိတ်သင့်ပါတယ်။ ဒါမှ အနှောက်အယှက်သံတွေ ကင်းကင်းနဲ့ အိပ်ရေး၀၀ အိပ်စက်အနားယူနိုင်မှာဖြစ်ကာ ဦးနှောက်စွမ်းအားလည်း ပြည့်ဝနေမှာ ဖြစ်ပါတယ်။

5) အင်တာနက် မသုံးခင် သဘောကျသော အရာများအကြောင်း စဉ်းစားပါ
သင်ဝါသနာပါတဲ့အရာက စာအုပ်ကိုင်ပြီး စာဖတ်ရတာမျိုးလား၊ လေ့ကျင့် ခန်းလုပ်တာလား၊ သူငယ်ချင်းတွေနဲ့ လူချင်းတွေ့ပြီး စကားလက်ဆုံကြရတာမျိုးလား၊ ရုပ်ရှင်ရုံကို သွားကြည့်ရတာမျိုးလား ဒါမှမဟုတ် တောင်တက်ရတာမျိုးလား။ ဒီလို လူပ်ရှားမူတွေက အွန်လိုင်းမှာ လုပ်လို့မရပါဘူး။ အင်တာနက်သုံးဖို့ အချိန်ပေးလိုက်ရင် ဒီလို အခွင့်အလမ်းတွေ ဆုံးရူံးသွားနိုင်တာကြောင့် အင်တာနက်မသုံးခင် သင်သဘောကျတဲ့အရာတွေကို အရင်စဉ်းစားလိုက်ပါ။

6) မျက်စိကို အနားပေးပါ
လူအများစု အွန်လိုင်းသုံးနေချိန်မှာ စိတ်ပါဝင်စားမူနဲ့ အာရုစိုက်မူတို့ကြောင့် မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လူပ်ရှားမူ လုပ်ဖို့လည်း သတိမရတတ်ပါဘူး။ အဲဒီအခါ အကျိုးဆက်အနေနဲ့ မျက်စိညောင်းတာ၊ ဇက်ကြောတက်တာ၊ ပခုံးနာတာ စတဲ့ ဝေဒနာတွေ ဖြစ်လာတတ်ပါတယ်။ တချို့လူတွေဆိုရင် ခေါင်းကိုက်တတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အင်တာနက်သုံးချိန် တစ်နာရီကြာတိုင်း မျက်စိကို မှိတ်ပေးတာနဲ့ အကြောဆန့်ပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။

7) ဦးနှောက်ကျန်းမာစေမည့် အာဟာရတို့ကို စားပါ
ဦးနှောက်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ကို ရရှိအောင် အခွံမာသီး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ ငါးအဆီ၊ နေကြာစေ့လို အစေ့အဆန်တွေကို စားပေးသင့်ပါတယ်။

Reader’s Digest, Yahoo စသည်တို့တွင် ကောက်ယူထားသော စစ်တမ်းအရ သိရှိရသည့် အွန်လိုင်း အသ့းပြုပုံများ

20 - ပျမ်းမျှအားဖြင့် အိမ်ထောင်စု တစ်စုတွင်ရှိသော ဒီဂျစ်တယ်ကိရိယာ အရေအတွက်။

3 - ပျမ်းမျှအားဖြင့် အိမ်ထောင်စုတစ်စုတွင်ရှိသော လက်ကိုင်ဖုန်း အရေအတွက်။

1 in 16 - Facebook စာမျက်နှာရှိသော အသက် ငါးနှစ်အောက် ကလေးငယ်။

43 - အွန်လိုင်းအသုံးများကြောင်း သူတို့ကိုယ်သူတို့ ထင်နေကြသော အရွက်ရောက်လူဦးရေ ရာခိုင်နူန်း။

64 - ကလေးများ အွန်လိုင်းအသုံးများသည်ဟု ထင်နေကြသော လူကြီး ရာခိုင်နူန်း။

78 - အွန်လိုင်း အသုံးပြုနေသောကြောင် အိပ်ရာဝင်ချိန် နောက်ကျသူဦးရေ ရာခိုင်နူန်း။

18 - နည်းပညာ အသုံးပြုမူမရှိသော အရွယ်ရောက်သူ ဦးရေ ရာခိုင်နူန်း။

86 - အင်တာနက်သုံးခြင်းကြောင့် ဗဟုသုတနှင့် သတင်းအချက်အလက်များ ပိုရရှိသည်ဟု ခံစားရသော လူဦးရေ ရာခိုင်နူန်း။

(Ref; RD) ကြယ်စင် (GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...