အချိန်ကြာမြင့်စွာ ထိုင်သူများအနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေမြင့်မား


photo:google

နေ့စဉ် အချိန်ကြာရှည်စွာ ထိုင်ရသူများအနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ ပို၍မြင့်မားကြောင်း သြစတြေးလျနိုင်ငံမှ လေ့လာချက်အသစ်တစ်ရပ်အရ သိရသည်။

သြစတြေးလျနိုင်ငံ နယူးဆောက်လ်သ်ဝေးပြည်နယ်မှ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၂၆၀,၀၀၀၏ ကျန်းမာရေးအခြေအနေကို ၂၀၀၆ ခုနှစ်မှစ၍ လေ့လာခဲ့ခြင်းဖြစ်သည်။ အဆိုပါလေ့လာချက်အရ တစ်နေ့လျှင် ၁၀နာရီနှင့်အထက် ထိုင်နေရသူများအနေဖြင့် တစ်နေ့လျှင် ၄နာရီထက်လျော့နည်းစွာ ထိုင်သူများနှင့် နိုင်းစာလျှင် သေဆုံးနိုင်ခြေ ၄၈ရာခိုင်နူန်းပို၍ မြင့်မားကြောင်း တွေ့ရှိရသည်။

ဆစ်ဒနီတက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ အက်ဒရီယန်ဘူမန်ဦးဆောင်သော သုတေသနအဖွဲ့၏ လေ့လာချက်အရ ဥယျာဉ်စိုက်ပျိုးသူ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူနှင့် ကလေးထိန်းသူကဲ့သို့သော လူပ်လူပ်ရှားရှား လုပ်ကိုင်ရသူများသည် စားပွဲ၌ထိုင်ကာ အလုပ်လုပ်သူများထက် ကျန်းမာရေးပြဿနာ ပို၍ နည်းပါးကြောင်း တွေ့ရှိရသည်။ 

ထို့ကြောင့် တစ်နေကုန်ထိုင်ကာ အလုပ်လုပ်ရသူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းတွင် ပုံမှန်ကိုယ်လက်လူပ်ရှားမူကို ထည့်သွင်းထားသင့်ကြောင်း အဆိုပါသုတေသနအဖွဲ့က အကြံပြုထားသည်။ အချိန်ကြာမြင့်စွာထိုင်ခြင်းက သွေးထဲတွင် သကြားပါဝင်မူနူန်းကို မြင့်မားနေစေပြီး ယင်းအတွက် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ဆိုသည်။

(Xinhua, 30.9.11) NYM
(GOOD HEALTH JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...