အသက်ကြီးသူအမျိုးသမီးများ ဗီတာမင်အားဆေးများမသုံးသင့်



အသက်အရွယ် ကြီးရင့်လာချိန်တွင် ဗီတာမင်ဆေးဝါးများသုံးစွဲခြင်းသည် အမျိုးသမီးများအတွက် မကောင်းမွန်ကြောင်း လေ့လာစမ်းသပ်ချက်များမှ တွေ့ရှိရသည်။ အသက် ၆၀ကျော်အမျိုးသမီး ၃၈၇၇၂ ဦးအား လေ့လာစမ်းစစ်ချက်အရ ဗီတာမင်ဆေးလုံးများနှင့် သံဓာတ်အားဆေးသုံးစွဲခြင်းသည် ၎င်းတို့အပေးတွင် ကောင်းကျိုးထက် ဆိုးကျိုးပိုများကာ သေဆုံးမူနူန်းလည်း ပိုမိုမြင့်လာစေသည်။

အသုံးများသော အားဆေးများမှာ ကယ်လ်စီယမ်၊ ဗီတာမင်ဘီ-အုပ်စု၊ ဗီတာမင်-စီနှင့် ဗီတာမင်-အီးတို့ဖြစ်သည်။ ၎င်းတို့အနက် ပုံမှန်စွဲသုံးသင့်ကြောင်းနှင့် ဗီတာမင်နှင့် သတ္တုဓာတ်များကို လိုအပ်သည်ထက်ပိုမိုး မသုံးစွဲသင့်ကြောင်း ကျန်းမာရေးဂျာနယ်များတွင် အဆိုပြုထားသည်။

လိုအပ်သည်ထက် ပိုမိုသုံးစွဲပါက အန္တရာယ်များသော ဗီတာမင်အားဆေးများတွင် ဗီတာမင်-အေနှင့် အီးတို့သည် ထိပ်ဆုံးမှဖြစ်သည်။

ကျန်းမာသော ခန္ဓာကိုယ်နှင့် ဘ၀ကိုရရှိရန် အာဟာရကြွယ်ဝ၍ ဗီတာမင်နှင့် သတ္တုဓာတ်ပေါများသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကိုသာ စားသုံးသင့်သည်။ ဆေးဝါးများဖြင့် ဖြည့်တင်းရန်မှာ အာဟာရချို့တဲ့သူများအတွက်သာ သင့်တော်သောကြောင့် အသက်ကြီးရင့်လာသူ အမျိုးသမီးများ “တန်ဆေး၊ လွန်ဘေး” ဟူသောစကားကို လက်ကိုင်ထား၍ သဘာဝသီးနှံ၊ ဟင်းသီဟင်းရွက်များဖြင့်သာ ကျန်းမာရေးထိန်းသိမ်းကြရန် အကြံပြုလိုက်ရပါသည်။

စန္ဒီ - ဆေး ၂ (HEALTH CARE JOURNAL)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...