အသက်ကြီးလာခြင်းကြောင့် ဖြစ်တတ်သော ဆံကေသာနှင့် လက်သည်းခြေသည်း ပြောင်းလဲမူများ



ဆံပင်အရောင် ပြောင်းလဲလာခြင်း
အသက်ကြီးလာတဲ့အခါမှာ ဆံပင်အရောင်ပြောင်းလဲမူဟာ သိသာထင်ရှားတဲ့ လက္ခဏာတစ်ရပ်ပါ။ ဆံပင်အရောင်ဆိုးတာ ဆံခြည်မျှင် အိတ်ကနေထုတ်လိုက်တဲ့ ရောင်ခြယ်ပစ္စည်း မယ်လနင်ကြောင့် ဖြစ်လာတာပါ။ အသက်ကြီးလာတဲ့အခါ ဆံခြည်မျှင်အိတ်ကနေ မယ်လနင်ထုတ်လုပ်မူ နည်းသွားပါတယ်။ ဆံပင်ဖြူတာက ယေဘုယျအားဖြင့် အသက်၃၀အရွယ်လောက်မှာ စတင်ဖြစ်တတ်ပြီး နာထင်စပ်တွေနဲ့ ဦးခေါင်းရင်းတွေမှာ စဖြူတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်အရောင်ဖျော့လာပြီး အဖြူရောင်ပြောင်းသွားတတ်ပါတယ်။ လူအများစုဟာ အသက်၄၀အရွယ်ရောက်ချိန်မှာ ဆံပင်တွေ သိသိသာသာ ဖြူလာတတ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွေးတွေကလည်း ဖြူလာတတ်ပါတယ်။

ဆံပင်ကျဲပါးလာခြင်း
ဆံပင်သားဆိုတာ ဦးရေပြားမွေးညှင်းပေါက်ကနေတစ်ဆင့် ပေါက်လာတဲ့ ပရိုတင်းအမျှင်ပါ။ ဆံပင်တွေဟာ ကျွတ်ထွက်ပြီး ဆံပင်အသစ်နဲ့ အစားထိုးဖြစ်ပေါ်တတ်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ဦးခေါင်းပေါ်က အမွေးတွေကို မျိုးရိုးဗီဇက လွှမ်းမိုးနေပါတယ်။ မျိုးရိုးအရ ဆံပင်ထူတာမျိုးရှိသလို ဆံပင်ပါးတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့အချိန်မှာတော့ ဆံပင်သားကြီးထွားနူန်းက နှေးလာပါတယ်။ ဒါကြောင့် ငယ်ငယ်တုန်းက ထူပြီး ကြမ်းခဲ့တဲ့ ဆံပင်တွေက ပါးလွှာပြီး ငွေမင်ရောင် ပြောင်းလာပါတော့တယ်။ တချို့အသက်ကြီးအမျိုးသမီးတွေမှာ ဆံပင်သားပါးလွန်းလို့ အရေပြားကိုတောင် မြင်ရတာမျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်နဲ့ မျက်နှာပေါ်က အမွေးတွေဟာလည်း ကျွတ်လာတတ်ပါတယ်။

လက်သည်း၊ ခြေသည်းပြောင်းလဲမူများ
အသက်ကြီးလာတာနဲ့အမျှ လက်သည်းခြေသည်းတွေကလည်း ပြောင်းလဲလာနေပါတယ်။ လက်သည်း၊ ခြေသည်းတွေရဲ့ ကြီးထွားနူန်းနှေးကာ နွမ်းနယ်ပြီး ကြွပ်ဆတ်လာပါတယ်။ လက်သည်းအရောင် ၀ါလာပြီး ကြည်လင်တောက်ပမူ မရှိတော့ပါဘူး။ လက်သည်း အထူးသဖြင့် ခြေသည်းတွေဟာ မာကျောပြီး ထူထဲလာတတ်ပါတယ်။ ခြေစွယ်ငုပ်ခြင်းကလည်း အဖြစ်များပြီး ကျိုးပဲ့ပြတ်ထွက် တာတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကူးစက်ပိုးဝင်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ တခြားပြဿနာတွေကြောင့်လည်း လက်သည်းခြေသည်း အပြောင်းအလဲတွေ ဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ လက်သည်း၊ ခြေသည်း ပြောင်းလဲမူဟာ သံဓာတ်ချို့တဲ့ခြင်း၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ အာဟာရချို့တဲ့မူ စတာတွေနဲ့ ဆက်စပ်နေတာကြောင့် မိသားစု ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

 (ကြယ်စင်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...