အလွယ်တကူ ရောဂါကူးစက်မခံရစေဖို့ အချက် ၁၀ချက်



၁။ ကာကွယ်ဆေးထိုးထားပါ။
အလွယ်တကူ ရောဂါကူးစက်မခံရစေတဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးတွေ ထိုးဖို့ပါပဲ။ အေးမိ တုတ်ကွေးတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေကို ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာ ထိုးထားပေးသင့်ပါတယ်။ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ရောဂါတွေပါ အလွယ်တကူမ၀င်အောင် တားထားပေးနိုင်ပါတယ်။

၂။ လက်ဆေးပါ
လက်ကို မကြာခဏ ဆေးကြောပေးတာာ အအေးမိဖျားနာမူကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ၁၅စက္ကန့်လောက် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပြီး တပက်နဲ့ပြောင်အောင် သုတ်လိုက်ပါ။ လက်ဆေးဖို့အတွက် မလွယ်ကူတဲ့နေရာမျိုးမှာဆိုရင် အရက်ပြန်ပါတဲ့ လက်သန့်စင်ဆေးရည်က အကောင်းဆုံးပါပဲ။

၃။ တစ်သျှူးကို သေချာစွန့်ပစ်ပါ
သင်ဟာ အအေးမိတာကြောင့် တစ်သျှူးကိုသုံးပြီးရင် တစ်ကြိမ် နှာခြေပြီးတိုင်း တစ်သျှူးကို အမိုက်ပုံးထဲကို စွန့်ပစ်ပါ။ ပြီးရင်လက်ကိုလည်း ဆေးဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်သျှူးကို နောက်တစ်ကြိမ်ပြန်သုံးရင်တော့ ဗိုင်းရပ်ပိုးကို သယ်ဆောင်နေသလို ဖြစ်နေတာကြောင့် တော်တော်နဲ့ အအေးမိတာ သက်သာမှာ မဟုတ်ပါဘူး။

၎။ ဝေငှမသုံးပါနဲ့
အထူးသဖြင့် မျက်နှာသုတ်ပ၀ါ၊ သွားပွတ်တံနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို ဝေငှအသုံးပါနဲ့။ ကလေးဆေးရုံတွေမှာဆို ကလေးအသုံးအဆောင် ပစ္စည်းတွေကို သီးခြားအသုံးပြုပေးသင့်ပါတယ်။ အအေးသောက်မယ်ဆိုရင်လည်း အအေးခွက်တစ်ခွက်တည်းကို လူအများက ပိုက်တွေတပ်ပြီးသောက်တာမျိုးက အအေးမိဖျားနာဖြစ်တဲ့ ဗိုင်းရပ်စ်တွေအလွယ်တကူ ကူးစက်နိုင်ပါတယ်။

၅။ လျှောက်မထိပါနဲ့
အထူးသဖြင့် အပြင်ကိုသွားပြီးရင် ကားတိုးစီးတာပဲဖြစ်ဖြစ်၊ သွားနေရင်းနဲ့ လက်မဆေးရသေးခင် သင့်မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို သင့်လက်နဲ့ မကိုင်မိ၊ မထိမိစေဖို့ လိုပါတယ်။

၆။ အိမ်မှာသန့်ရှင်းရေးလုပ်ပါ
အိမ်မှာရှိတဲ့ အထူးသဖြင့် တံခါးလက်ကိုင်နဲ့ အထိအတွေ့များတဲ့ နေရာတွေမှာ ဘက်တီးရီးယားတွေ ရှိနေနိုင်ပါတယ်။ ကလိုရင်းပါဝင်တဲ့ရေနဲ့ နေ့စဉ်သန့်စင်ပေးဖို့ လိုပါတယ်။

၇။ ဒါတွေ ၀ယ်ထားပါ
အအေးမိဖျားနာခြင်းဖြစ်တတ်တဲ့ ရာသီမျိုးမှာဆိုရင် အရက်ပြန်ကို အခြေခံတဲ့ သန့်ရှင်းရေး ပစ္စည်းတွေကို အိမ်မှာ အသင့်ဆောင်ထားပါ။

၈။ လေကောင်းလေသန့်ရပါစေ
လူနေထူထပ်တဲ့ ပတ်ဝန်းကျင်ကနေ ခဏလောက်ပြေးထွက်ပြီး လယ်ကွင်းပြင်ကျယ်ကြီးလို နေရာမျိုးတွေမှာ သဘာဝလေကို ရှူရိုက်ကြည့်ပါ။ အဆောက်အဦး အမြင့်ကြီးတွေပေါ်ကလည်း သဘာဝလေကို ခံစားပေးလို့ရပါတယ်။

၉။ ဖျားနာသူတွေနဲ့ ဝေးဝေးနေပါ
ကူးစက်လွယ်ကူတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ဖျားနာသူတွေနဲ့ ဝေးဝေးနေရင် ကူးစက်မူနည်းနိုင်ပါတယ်။

၁၀။ မှန်မှန်အိပ်၊ မှန်မှန်စားပါ
အစာခြေစနစ်မှန်ကန်ဖို့နဲ့ ကျန်းမာစေဖို့အတွက် အစားအစာကို ဂရုစိုက်ဖို့တော့ လိုပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးတွေ၊ အသားဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားပေးပါ။ တစ်နေ့ကို ရှစ်နာရီ အိပ်ချိန်ရအောင်ယူပါ။

 (သဲသဲ)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...